ပြည်ကြီးတံခွန် ဇူလိုင် ၂၆
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေလုပ်ငန်း အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက အဆိုပါ မြို့နယ်ရှိ(ည)ရပ်ကွက်၊ ပုညဘောဇနသဟာရဓမ္မာရုံ၌ ကျင်းပခဲ့သည်။
အဆိုပါအသိပညာပေး ဟောပြောပွဲတွင် မြို့နယ်သန်းခေါင်စာရင်းကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးသန်းနိုင်က သန်းခေါင်စာရင်းကောက်ယူသည့် ရည်ရွယ်ချက်၊ သမိုင်းကြောင်း၊ ကောက်ယူမည့်အိမ်ထောင်စုမေးခွန်းပုံစံနှင့် အဖွဲ့အစည်းမေးခွန်းများအား အကျယ်တဝင့် အသိပညာပေးဟောပြောပြီး တက်ရောက်လာကြသည့် ပြည်သူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြရာ မြို့နယ်သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးဦးအောင်သွင်က ပြန်လည်ဖြေကြားခဲ့သည်။
ထို့နောက် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့ အသိပညာပေးပိုစတာနှင့် လက်ကမ်းစာစောင်များကို တက်ရောက်လာကြသည့် ပြည်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)