မင်္ဂလာဒုံ ဩဂုတ် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါက်တာနေခြည်နွေးနှင့် ဝန်ထမ်းများက လေးထောင့်ကန်ကျေးရွာရှိ မွေးမြူရေးခြံများသို့သွားရောက်၍ တိရစ္ဆာန်များ ခွါနာလျှာနာရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ကို ယနေ့ နံနက်ပိုင်းက ကွင်းဆင်းထိုးနှံပေးခဲ့ကြသည်။
အဆိုပါ လေးထောင့်ကန်ကျေးရွာမှ ပိုင်ရှင်(၁၁)ဦး၏ မွေးမြူရေးခြံရှိ နွား(၁၈၀)ကောင်အား ခွါနာလျှာနာရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခဲ့ခြင်းကို မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါက်တာနေခြည်နွေးနှင့်ကျန်းမာရေးလုပ်သားဝန်ထမ်း(၂)ဦးတို့က ဆောင်ရွက်ခဲ့ပြီး နွား(၁၈)ကောင်မှ သွေးနမူနာယူခဲ့ကြောင်း သိရသည်။
မင်းသိန်းထွန်း