ဒေးဒရဲ သြဂုတ် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် ကိုယ်ခန္ဓာဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူငယ်ရေးရာအားကစား အသိပညာပေး ဟောပြောပွဲနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက်(၁၀)နာရီက မှော်အိုင်ကျေးရွာအုပ်စု၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှူး ဦးတင်မျိုးလွင်က အားကစားပြုလုပ်ခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများ၊ အားကစားနှင့် ပတ်သက်၍ လူငယ်များ သိထားရမည့်အချက်များနှင့် မြို့နယ်အဆင့် လက်ရွေးစင်ကစားသမားများ ပေါ်ထွန်းလာစေရေးအတွက် အားကစားပြိုင်ပွဲများ ကျင်းပပေးနေမှုလုပ်ငန်းများကို အသိပညာပေး ဟောပြောခဲ့ပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများအား အားကစားဆိုင်ရာ လက်ကမ်းစာစောင်များ ဝေငှပေးခြင်းနှင့် ကိုယ်ကာယ လေ့ကျင့်ခန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အားကစားနှင့် ကာယပညာဦးစီးဌာနက အားကစားပစ္စည်းများကို ကျောင်းအုပ်ဆရာမကြီး ဒေါ်ဌေးဌေးရီထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အေဇာလင်း(ပြန်/ဆက်)