ကြံခင်း ဩဂုတ် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့ပေါ်ရပ်ကွက်များရှိ ကိုယ်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများအား ယနေ့နံနက်ပိုင်းက ခရိုင်/မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး ကြည့်ရှုခဲ့သည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ဟင်္သာတခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်နှင်းယုရွှေ၊ ဦးစီးအရာရှိ ဒေါ်ပပဝင်းနှင့် ကြံခင်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဉ္ဇာဝင်းတို့က ရွှေပန်းမြိုင်ဝေ ကိုယ်အားကိုယ်ကိုး မူလတန်းကြိုကျောင်းနှင့် မေတ္တာရိပ် ကိုယ်အားကိုယ်ကိုး မူလတန်းကြိုကျောင်းတို့အား သွားရောက်၍ ကလေးငယ်များအား ကာယ၊ ဥာဏ၊ စာရိတ္တ၊ လူမှုဆက်ဆံရေး၊ စိတ်လှုပ်ရှားခံစားမှုဆိုင်ရာ ဘက်စုံဖွံ့ဖြိုးမှု ရရှိစေရန်၊ ဘဝတစ်သက်တာ အလေ့အကျင့်ကောင်းများ ရရှိစေရန် ECCD နည်းလမ်းနှင့် လေ့ကျင့်သင်ကြားပေးနေမှုများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
ထို့နောက် ကလးသူငယ်များ ကာယ၊ ဥာဏများနှင့် ကဗျာရွတ်ဆိုနေမှုကို ကြည့်ရှုကာ ဆရာမများအား မိုးတွင်းကာလဖြစ်တာနှင့်အညီ သွေးလွန်တုပ်ကွေးအန္တရာယ် မဖြစ်ပေါ်စေရေး၊ အစားအစာများကို ခြင်၊ ယင်မနားအောင် အထူးသိပြုရန် လိုအပ်ပါကြောင်း မှာကြားခဲ့သည်။ ကြံးခင်းမြို့နယ်အတွင်း ကိုယ်အားကိုယ်ကိုး မူလတန်းကြိုကျောင်း ၁၉ ကျောင်းရှိကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ သိရှိရပါသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)