မြောက်ဥက္ကလာပ ဩဂုတ် ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ အမှတ်(၄၀)အခြေခံပညာမူလတန်းကျောင်းတွင် နယ်လှည့်စာကြည့်တိုက်အကြောင်း အသိပညာပေးဟောပြောခြင်းကို ယနေ့ နေ့လယ် ၁ နာရီအချိန် အဆိုပါကျောင်းတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်သိင်္ဂီပြည့်ဖြိုးက မိမိတို့ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေများ ဖတ်ရှုခြင်းအားဖြင့် အသိပညာဗဟုသုတများ ကြွယ်၀ပြီးစဉ်းစားတွေးခေါ်မှု အသိဉာဏ်များပိုမိုရှင်သန်လာစေခြင်းနှင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတများတိုးပွားလာစေခြင်း အကျိုးကျေးဇူးများရရှိစေခြင်းစသည့်တို့ကို ဟောပြောပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား ဉာဏ်စမ်းအသိပညာပေးမေးခွန်းများကိုလည်း အပြန်အလှန်မေးမြန်းခဲ့ကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော နံရံကပ်အသိပညာပေး ပိုစတာများအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
သက်လွင်စိုး (ပြန်/ဆက်)