ကြံခင်းမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အရှိန်အဟုန်ဖြင့်ဆောင်ရွက်

ကြံခင်း ဩဂုတ် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အရှိန်အဟုန်ဖြင့် ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခတ်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့မရပ်ကွက်နှင့် ရွာသစ်ရပ်ကွက်တို့အား ပူးပေါင်းအဖွဲ့မှ ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ကွင်းဆင်း​ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးမှူး အဆင့်(၁) ဦးကျော်ကျောင်ဆန်း ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတို့က ရပ်ကွက်အတွင်းရှိ လူနေအိမ်များအား အသိပညာပေးခြင်း  ပိုးလောက်လန်းများ မပေါက်ဖွားစေရန်  အသုံးပြုနေသည့် ရေတွင်း၊  ရေကန်များ၊  ဘုရားပန်အိုးများအား ဖုံး၊ သွန်၊ လဲ၊ စစ်များ စစ်ဆေးခြင်းနှင့် ကလိုရင်းအဘိတ်ဆေးခပ်ခြင်းများကို  ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)