ညောင်လေးပင်မြို့နယ်၌ အာဟာရရက်သတ္တပတ်လှုပ်ရှားမှုအခမ်းအနားကျင်းပ

ညောင်လေးပင် ဩဂုတ် ၁၆

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်မိခင်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ အာဟာရရက်သတ္တပတ်လှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ညောင်လေးပင်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာစောကလျာက အာဟာရအကြောင်း အသိပညာပေးဟောပြောပြီး မြို့နယ်မိခင်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌဒေါ်နန်းဆိုင်မွန်းက ကိုယ်ဝန်ဆောင်ကျန်းမာရေးအကြောင်းဟောပြောခြင်း၊ ကျန်းမာရေးဆရာမကအာဟာရအုပ်စုများအကြောင်းနှင့် မိခင်နို့စနစ်တကျတိုက်ကျွေးခြင်းသရုပ်ပြ ပညာပေးဆောင်ရွက်ခဲ့ပါသည်။

ဆက်လက်၍ တက်ရောက်လာသော ကိုယ်ဝန်ဆောင်မိခင်များနှင့်နို့တိုက်မိခင်တို့အား အာဟာရအတွက် အစားအစာနှင့်အိုင်အိုဒင်းဆားထုပ်များလက်ဆောင်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)