ကျောက်တန်း ဩဂုတ် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေးနှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီအချိန်က ကျောက်တန်းမြို့ မူလွန်အနောက်ပိုင်းကျောင်းသို့သွားရောက်၍ အသိပညာပေးဟောပြောပွဲနှင့်စာအုပ်ပြပွဲကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါဟောပြောတွင် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးသန့်ဇင်ထွန်းက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတများ ရရှိစေရန်၊ စာအုပ်စာပေများကို ဖတ်ရှုခြင်းဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတက်စေရန်၊ စာအုပ်စာပေလူမိတ်ဆွေဆိုသည့်အတိုင်း စာပေသည်မိမိတို့၏ မိတ်ဆွေကောင်းများဖြစ်ကြောင်း၊ စာပေကိုချစ်မြတ်နိုးတက်စေရန်၊ စာဖတ်ခြင်းကို လက်တွေ့အသုံးချခြင်းဖြင့် အလေ့အကျင့်များရရှိလာစေရန်၊ စာဖတ်စွမ်းရည်များ တိုးတက်မြင့်မားလာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် အသိပညာပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။
နေလင်းကျော် (ပြန်ဆက်)