ပန်းတောင်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးစာပေဟောပြောပွဲကျင်းပ

ပန်းတောင်း သြဂုတ် ၂၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် နှစ်စဉ်ကျင်းပလျက်ရှိသော စာဖတ်ရှိန်မြှင့်တင်ရေးစာပေဟောပြောပွဲကို မြို့နယ်ပညာရေးမှူးရုံး၊ မြို့နယ်စာရေးဆရာအသင်း၊ မြို့နယ်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးကော်မတီတို့ပူးပေါင်း၍ ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က အ.လ.က(ဘူးဘက်)စာသင်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် အ.လ.က(ဘူးဘက်) ကျောင်းအုပ်ဆရာမကြီးမှ အဖွင့်အမှာစကားပြောကြားပြီး ဆရာထိုက်ကြည်(ဥသျှစ်ပင်)မှ “မြန်မာစာပေမြတ်နိုးပါ မြန်မာကဗျာမြတ်နိုးပါ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆရာမလမင်းအေး(ရွှေပင်မြေ)မှ “ယုံကြည်အားကိုးလေးစားထိုက်သူ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆရာအောင်မြင့်ကျော်(ပန်းတောင်း)မှ “ဘဝလှဖို့စာကြည့်ကြပါစို့” ခေါင်းစဉ်ဖြင့်လည်းကောင်း ကျောင်းသား/သူများအား သုတ/ရသစာပေအကြောင်းအရာများ ဟောပြောခဲ့သည်။

ထို့နောက် ဆရာထိုက်ကြည်(ဥသျှစ်ပင်)နှင့် ဆရာမလမင်းအေး(ရွှေပင်မြေ)တို့မှ ကျောင်းစာကြည့်တိုက်အတွက် စာအုပ်များလှူဒါန်းခဲ့ရာ ဆရာမတစ်ဦးမှကျေးဇူးတင်စကားပြောကြားခဲ့ပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။

လပြည့်လင်း(ပြန်/ဆက်)