ရပ်စောက် ဩဂုတ် ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ရပ်စောက်မြို့အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသားများအား အားကစားစိတ်ဓာတ်မြှင့်တင်ရေး၊ ဘက်စုံထက်မြတ်စေရေး၊ ရာသီနှင့် လိုက်ဖက်သော အားကစားများ ကစားတက်စေရန်ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မိုးရာသီ ကျောင်းကောင်စီဘောလုံးပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျောင်းဝန်းအတွင်းရှိ ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဒိုင်လူကြီးက ကစားသမားများအား လိုက်နာရမည့်စည်းကမ်းချက်များရှင်းပြခဲ့ပြီး ပြိုင်ပွဲဝင် အသင်းသားအချင်းချင်း လက်ဆွဲနှုတ်ဆက်ကြကာ ဘောလုံးပွဲစတင်ခဲ့ကြောင်းနှင့် မိုးရာသီ ကျောင်းကောင်စီဘောလုံးပြိုင်ပွဲတွင် အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် အမျိုးသားဘောလုံးအသင်း ငါးသင်းက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဩဂုတ် ၂၃ ရက်နေ့တွင် ဗိုလ်လုပွဲကျင်းပ၍ ပထမ၊ ဒုတိယ၊ တတိယဆုများ ရွေးချယ်၍ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီးထံမှ သိရသည်။
မြို့နယ်ပြန်/ဆက်