လွိုင်လင်မြို့တွင် စက်ချုပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

လွိုင်လင်   ဩဂုတ် ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်မည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေး စီမံကိန်းမှ ဘိန်းစိုက်ပျိုးသည့် မြို့နယ်များတွင် အစားထိုး အသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုး‌ရေး‌ဆောင်ရွက်သည့် စက်ချုပ်နည်းပညာ သင်တန်းဖွင့်ပွဲကို လွိုင်လင်မြို့နယ် အမှတ်(၄)ရပ်ကွက်ရှိ မွေတော်ဘုရားဓမ္မာရုံတွင် ယနေ့နံနက်ပိုင်းက ကျင်းပပါသည်။

သင်တန်းဖွင့်ပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင် တက်ရောက်၍ သင်တန်းဖွင့် အမှာစကားပြောကြားပြီးနောက် ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးငြိမ်းချမ်းကျော်က သင်တန်းဖွင့်လှစ်ပေးရခြင်းနှင့် ရရှိမည့်အကျိုးကျေးဇူးကို ရှင်းလင်းပြောကြားပါသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ သင်တန်းသုံးပစ္စည်းများ ပေးအပ်ပြီး နောက်မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။

အဆိုပါသင်တန်းသို့ သင်တန်းသူ (၁၀) ဦးတက်ရောက်ပြီး သင်တန်းကာလမှ တစ်လသင်ကြားပို့ချ‌ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လွိုင်လင်မိုး