သရက်မြို့၌ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

သရက် ဩဂုတ်လ ၂၇

မကွေးတိုင်းဒေသကြီး သရက်မြို့၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၂) နာရီက ခရိုင်အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် သရက်ခရိုင်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (CPU) အဖွဲ့ခေါင်းဆောင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြတ်ထွန်းဦးက အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး သရက်ခရိုင်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (CPU) အဖွဲ့ဝင် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဝင်းနိုင်က လူမှုကွန်ရက်ပေါ်မှာ သတင်းတုများ၊ နိုင်ငံတော်အကြည်ညိုပျက်စေသည့်သတင်းများ ဖော်ပြလျှင် ဥပဒေအရ အရေးယူဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားပေးခဲ့ကာ သရက်ခရိုင်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (CPU) အဖွဲ့ဝင် ခရိုင်ဥပဒေအရာရှိ ဦးလှမြင့်က အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ ဥပဒေများနှင့် ပတ်သက်၍ ပြောကြားပေးခဲ့သည်။

ထို့နောက် သရက်ခရိုင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (CPU)အဖွဲ့ဝင် ခရိုင်စာရင်းစစ်အရာရှိ ဒုတိယညွှန်ကြားရေးမှူးဦးခင်ဇော်၊ သရက်ခရိုင်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (CPU) အဖွဲ့ဝင် ပြည်တွင်းအခွန်းဦးစီးဌာန ဦးစီးဌာနမှူး ဦးသက်အောင်တို့က အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့်ပတ်သက်၍ အသီးသီးဆွေးနွေးပေးခဲ့ရာ တက်ရောက်လာသည့်ပုဂ္ဂိုလ်များမှ ဆွေးနွေးမှုအပေါ် သက်ဆိုင်သည့်ဌာနအလိုက် ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)