ခမောက်ကြီးမြို့တွင် ဝါဆိုသင်္ကန်းနှင့်‌ နေ့ဆွမ်းဆက်ကပ်လှူဒါန်း

ခမောက်ကြီး ဩဂုတ် ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် (အ.ထ.က) ခမောက်ကြီး‌ကျောင်း၊ ပညာရေးမိသားစုမှ ရဟန်းသံဃာရှင်သူမြတ်များအား ဝါဆိုသင်္ကန်းနှင့် နေ့ဆွမ်းဆက်ကပ် လှူဒါန်းပွဲကို ခမောက်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

အဆိုပါ ဝါဆိုသင်္ကန်းနှင့် ဆွမ်းဆက်ကပ်လှူဒါန်းပွဲသို့  ခမောက်ကြီးမြို့  မြို့အဆင့်ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ၊ ဆရာ၊‌ ဆရာမများနှင့် ကျောင်းသူ/ကျောင်းသားများ တက်ရောက်ခဲ့ကြပြီး တရားနာဧည့်ပရိသတ်များက ဩကာသကန်တော့ချိုး အစချီ၍ ရှိခိုးကန်တော့ကြ၍ တိလောကာရုံကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလနှင့် သရဏဂုံဆောက်တည်ခဲ့ကြပြီး ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းနှင့်  လှူဖွယ်ဝတ္တုပစ္စည်းများ  ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် ဆရာတော်မှ အနုမောဒနာတရား ချီးမြှင့်၍ ရေစက်ချအမျှဝေခဲ့ကြပြီး သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။              

ခမောက်ကြီး(ပြန်/ဆက်)