ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့တွင် ဆီဘောက်ဆာကားနောက်တွဲပြုတ်ကာ ယာဉ်တိုက်မှုဖြစ်ပွား

ပဲခူး ဩဂုတ် ၃၀

ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့လမ်းဆုံတွင် ယနေ့ နေ့လယ်ပိုင်းအချိန်က ပဲခူးမြို့ဘက်မှ မောင်းနှင်လာသော နောက်တွဲဆီဘောက်ဆာမော်တော်ယာဉ်သည် ဘုရားကြီးလမ်းဆုံမှ ဝေါမြို့ဘက်သို့ ချိုးကွေ့မောင်းနှင်စဉ် နောက်တွဲယာဉ်နှင့် ဦးခေါင်းပိုင်းချိတ်ဆက်ထားသော ချိတ်မှာ ပြုတ်ထွက်ပြီး ဝေါမြို့ဘက်မှမောင်းနှင်လာသော မော်တော်ယာဉ်၏ ဝဲဘက်ဦးခေါင်း တံခါအား ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဥ်‌ကြောင့် ဝေါလမ်းတွင် ယာဥ်ပိတ်ဆို့မှုဖြစ်ပေါ်နေရာ ဆီဘောက်ဆာမှာ ဆီအပြည့်ဖြစ်နေသောကြောင့် အမြန်ဆုံးဖယ်ရှားနိုင်ရေး ဘုရာကြီးမြို့၊ မြို့အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲများနှင့် မီးသတ်တပ်ဖွဲ့များ ပူးပေါင်းကူညီဆောင်ရွက်‌ပေးလျက်ရှိကြောင်းနှင့် လူထိခိုက်မှုမရှိကြောင်း သိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)