ပေါင်းတည်၌ မျောက်ကျောက်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြော

ပေါင်းတည် ကြဂုတ် ၃၀

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာသည် ယခုလတ်တလော အိမ်နီးချင်းနိုင်ငံတွင် မျောက်ကျောက်ရောဂါကူးစက်ဖြစ်ပွားနေ၍ မြန်မာနိုင်ငံသို့ ကူးစက်မှုမရှိစေရန် ကြိုတင်ကာကွယ်ရေး လှုပ်ရှားမှုများ ဆောင်ရွက်လျက်ရှိ​သည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နဝရတ်ခန်းမ၌မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းချစ်က မျောက်ကျောက်ရောဂါအကြောင်း သိကောင်းစရာများကို အသိပညာပေးဟောပြောသည်။ ထိုဟောပြောပွဲ၌ အိမ်နီးချင်းနိုင်ငံများနှင့် အခြားနိုင်ငံများတွင် လတ်တလောကူးစက်ပြန့်ပွားလျက်ရှိ​သည့် အခြေအနေများနှင့် မျောက်ကျောက်ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ ရောဂါးပျိုးရက်၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ၊ ကြိုတင်ကာကွယ်နိုင်မည့်နည်းလမ်းများကို အကျယ်တဝံ့ ရှင်းလင်းဟောပြောခဲ့သည်။

ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက မျောက်ကျောက်ရောဂါ ကာကွယ်ရေးနှိုးဆော်ချက်စာစောင်များကို တက်ရောက်လာကြသည့်ဌာနဆိုင်ရာများ၊ ရပ်ရွာ အုပ်ချုပ်ရေးအဖွဲ့များနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ ဖြန့်ဝေပေးခဲ့ကြ​ပြီး လမ်းဆုံ လမ်းခွများတွင် မျောက်ကျောက်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးပိုစတာများဖြင့် နှိုးဆော်လျက်ရှိကြောင်း သိရသည်။

ရွှေသား (ပြန်/ဆက်)