လှည်းကူးမြို့နယ်တွင် အသက်(၁၄)နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ U-14 Boys Royal – D CUP 2024 ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

လှည်းကူး  စက်တင်ဘာ  ၂

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၄)နှစ်အောက် U  14 Boys Royal  D CUP 2024 ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို  မြို့နယ်အားကစားကွင်းတွင် ယနေ့နံနက် ၈ နာရီက ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးခင်ဇော်က အဖွင့်အမှာစကားပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူးဦးသက်ဦးက ဘောလုံးပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် အားကစားသမားများအနေဖြင့် သန့်သန့်ရှင်းရှင်းယှဉ်ပြိုင်ကစားကြရန်၊ နိုင်ငံ့ကိုယ်စားပြု အားကစားသမားကောင်းများ ပေါ်ထွက်လာနိုင်ရန်နှင့် အကောင်းဆုံးယှဉ်ပြိုင်ကစားကြရန်ပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)နှင့် တာဝန်ရှိသူများက ကွင်းအတွင်းသို့ ဘောလုံးများကန်သွင်းကြပြီး ဘောလုံးပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။

အဆိုပါ အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၄)နှစ်အောက် U-14 Boys Royal – D CUP 2024 ဘောလုံးပြိုင်ပွဲတွင် အသင်း(၁၅)သင်း ရှုံးထွက်ပါဝင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ပထမဆု၊ ဒုတိယ၊ တတိယဆု၊ အသန့်ရှင်းဆုံးကစားသမားဆု၊ ဂိုးသွင်းအများဆုံးဆုများ ချီးမြှင့်သွားမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီထံမှ သိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)