မှော်ဘီမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (သန္ဓေပင်) ၌ ဘင်ခရာနှင့် ပန်းပွားသင်တန်းဆင်းပွဲ ကျင်းပ

မှော်ဘီ စက်တင်ဘာ ၉

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ် သံန္ဓေပင်အ-ထ-က အခြေခံပညာအထက်တန်းကျောင်း၌ ဘင်ခရာနှင့် ပန်းပွားသင်တန်းဆင်းပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ သင်တန်းဆင်းပွဲအခန်းအနားတွင် မှော်ဘီမြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းဝင်းမှ အမှာစကားပြောကြားပြီး သန္ဓေပင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်အေးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ကျောင်းသား/ကျောင်းသူလေးများက ဘင်ခရာတီးဝိုင်းဖြင့် တင်ဆက်ဖျော်ဖြေခဲ့ကြပြီး ဆုရရှိသော ကျောင်းသား/ကျောင်းသူများအား မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းဝင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ညိုညိုမာနှင့် တာဝန်ရှိသူများက ဆုများကို အသီးသီးပေးအပ်ခဲ့သည်။

အခြေခံဘင်ခရာနှင့် ပန်းပွားသင်တန်းဆင်းပွဲအခမ်းအနားသို့ မှော်ဘီမြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်ဝင်း၊ သန္ဓေပင်ကျောင်းအုပ်ဆရာမကြီး ဒေါ်ညိုညိုမာနှင့် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာ/ဆရာမများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား/ကျောင်းသူများ၏ မိဘများ တက်ရောက်ခဲကြောင်း သိရသည်။

ဝင်းဇော်