သာပေါင်းမြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌ ဆောင်းနေကြာ၊ မကွေး(၁၂) မြေပဲ(ဘောလတ်)၊ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးဖြစ်ထွန်းနေမှုများအား ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က သရက်ကုန်းကျေးရွာ အုပ်စုတွင် ဆောင်းနေကြာ (၅)ဧက၊ ခေနန်ကျေးရွာအုပ်စုတွင် မကွေး(၁၂) မြေပဲ(ဘောလတ်) အမျိုးအစား (၁၀)ဧကနှင့် ဆောင်းနေကြာ (၃)ဧက၊ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) (၁)ဧက၊ ကွင်းပေါက်ကျေးရွာအုပ်စုတွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)(၁)ဧက စိုက်ပျိုးဖြစ်ထွန်းနေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့သည်။