ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြိုပြိုင်ပွဲအဖြစ် အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲများ ဆက်လက်ကျင်းပ
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ(၁၉)ရက်နေ့တွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ပြခန်းများ၊ ဖျော်ဖြေရေးအစီအစဉ်များ၊ ဂိမ်းပြိုင်ပွဲများနှင့်အတူ အထက်တန်းအဆင့် ကျပန်းစကားပြော၊ ပန်းချီ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ၊ အလယ်တန်းအဆင့် ကာတွန်း၊ စာစီစာကုံး၊ ပုံပြင်ပြောပြိုင်ပွဲများနှင့် မူလတန်းအဆင့် ကဗျာရွတ်ပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အကြိုပြိုင်ပွဲများလည်း ကျင်းပပြုလုပ်လျက်ရှိကြောင်းနှင့် ယနေ့နံနက်ပိုင်းတွင် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း အနော်ရထာခန်းမတွင် ကျပန်းစကားပြောအကြိုပြိုင်ပွဲ ဆက်လက်ကျင်းပလျက်ရှိကြောင်း သိရသည်။