ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြိုပြိုင်ပွဲအဖြစ် အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲများ ဆက်လက်ကျင်းပ

ကျောက်ဆည် စက်တင်ဘာ  ၁၀

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ(၁၉)ရက်နေ့တွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ပြခန်းများ၊ ဖျော်ဖြေရေးအစီအစဉ်များ၊ ဂိမ်းပြိုင်ပွဲများနှင့်အတူ အထက်တန်းအဆင့် ကျပန်းစကားပြော၊ ပန်းချီ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ၊ အလယ်တန်းအဆင့် ကာတွန်း၊ စာစီစာကုံး၊  ပုံပြင်ပြောပြိုင်ပွဲများနှင့် မူလတန်းအဆင့် ကဗျာရွတ်ပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အကြိုပြိုင်ပွဲများလည်း ကျင်းပပြုလုပ်လျက်ရှိကြောင်းနှင့် ယနေ့နံနက်ပိုင်းတွင်အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း အနော်ရထာခန်းမတွင် ကျပန်းစကားပြောအကြိုပြိုင်ပွဲ ဆက်လက်ကျင်းပလျက်ရှိကြောင်း သိရသည်။

ကျပန်စကားပြောပြိုင်ပွဲတွင် ကျောက်ဆည်မြို့နယ် အမှတ်(၁)အခြခံပညာအထက်တန်းကျောင်း Grade-11 မှ မောင်စွမ်းထက်မြက်၊ မအိရွှေစင်စိုး၊ မစန်းစန်းမော်၊ အမှတ်(၄)အခြခံပညာအထက်တန်းကျောင်း Grade-10 မှ မအင်ကြင်းမျိုးထိုက်၊ Grade-11 မှ မချန်ဂင်၊ မအမ်မီမီဝင်း၊ ဟံမြင့်မိုရ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း Grade-10 မှ မဆုလင်းထက်၊ မဇွန်ဝင့်ဝါ၊ Grade-11 မှ မအိသဇင်၊ ကျောက်ဆောက်ကုန်း ကျေးရွာအခြေခံပညာအထက်တန်းကျောင်း Grade-10 မှ မောင်လင်းလင်းထွန်း၊ မဆောင်းနှင်းဖြူ၊ ဆူးလေကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) Grade-10 မှ မမြဝတ်မှုံ၊ မနှင်းဝတ်မှုံ၊ မစန္ဒီမြင့်၊ စဉ့်ကိုင်မြို့နယ် ရွှေပညာသစ် ကိုယ်ပိုင်အထက်တန်း ကျောင်း Grade-10 မှ မမေမြတ်နိုးကျော်၊ မကျော့ရှင်းထက်၊ မြစ်သားမြို့နယ် သံတော်ဦး ကိုယ်ပိုင်အထက်တန်းကျောင်း Grade-10 မှ မကေဇင်သန့်၊ မအိမြတ်မွန်၊ Grade-11 မှ မောင်စိုးဝေဖြိုး၊ မအိန္ဒြာဟန်လွင်ဖြိုးတို့က “ကျောင်းစာကြည့်တိုက်”၊ “မြန်မာစာသည်တို့စာ မြန်မာစကားသည်တို့ စကား”၊ “စာဖတ်ခြင်းအကျိုး”၊ “စာပေမြှင့်မှလူမျိုးတင့်မည်”၊ “စာပေနှင့်ယဉ်ကျေးမှု” စသည့်ခေါင်းစဉ် များဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

နံနက်ခင်းပိုင်းတွင် ကျပန်းစကားပြောအကြိုပြိုင်ပွဲများ ကျင်းပြုလုပ်လျက်ရှိသည့်အပြင်နေ့ခင်းပိုင်း၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး  ပြိုင်ပွဲများအလိုက် ပထမ၊ ဒုတိယ၊  တတိယဆုနှင့် အထူးဆုရရှိသူများအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ(၁၉)ရက်နေ့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သွားမည့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားတွင် ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)