ရန်ကုန် စက်တင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စုရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဟောပြောပွဲများကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဆောင်ရွက်ပေးလျှက်ရှိရာ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၊ ဆိပ်ကမ်းသာကိုယ်ကိုင်အထက်တန်းကျောင်းနှင့် D အောင်ပိုင် ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက အ.ထ.က (၅) ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးကျော်မိုးကြည်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ဥပဒေအရာရှိ ဦးပြည့်ဖြိုးကျော်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဌာန်းချက်ပါ သိမှတ်ဖွယ်ရာများနှင့် ပြည်ထောင်စုရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာများအား အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်အေးမာလွင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး အခမ်းနားသို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၊ ဆိပ်ကမ်းသာကိုယ်ပိုင်အထက်တန်းကျောင်း၊ D အောင်ပိုင် ကိုယ်ပိုင်အထက်တန်းကျောင်းတို့မှ ကျောင်းသား/ သူ (၁၅၇) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
ဖြိုးစန္ဒာ (ပြန်/ဆက်)