မိုင်းခတ်မြို့၌ ကျောင်းသား၊‌ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး ဝမ်ခုတ်‌ကျေးရွာသို့ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မိုင်းခတ် စက်တင်ဘာ   ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၌ ဝေးလံသောတောင်ပေါ်ကျေးရွာများမှ ကျောင်းသားလူငယ်များ စာဖတ်ရှိန်မြှင့်မားစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့မွန်းလွဲ (၁)နာရီအချိန်က ဝမ်ခုတ်ကျေးရွာအုပ်စု၊‌ နမ့်လွေစာကြည့်တိုက်သို့ ကွင်းဆင်းဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နန်းနွယ်နီ‌အောင်က ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မား‌စေရန်အတွက် အားလပ်သည့်အချိန်တွင် စာကြည့်တိုက်အားအကျိုးရှိရှိ အသုံးချတတ်‌စေရန်၊ အသိပညာဗဟုသုတတိုးပွားစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးစေရန်နှင့် စဉ်းစားတွေးခေါ်မှု မြင့်မားလာစေရန် အသိပညာ‌ပေးပြောကြားပြီး‌ ဝမ်ခုတ်ကျေးရွာ၊ အခြေခံပညာမူလတန်း‌ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက စာအုပ်စာစောင်ပြပွဲနှင့် စာကြည့်တိုက်အတွင်း ပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)