မိုင်းကိုင် စက်တင်ဘာ ၁၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ယနေ့နေ့လယ် ၁ နာရီ ၃၀ အချိန်မှစ၍ ရေကြီးရေလျှံမှုများကြောင့် လျှပ်စစ်ဓာတ်မီးတိုင်များလဲကျပျက်စီးမှုများ ဖြစ်ပွားခဲ့သည်။
အဆိုပါ လျှပ်စစ်ဓာတ်မီးတိုင်များသည် မိုင်းကိုင်မြို့ ဆင်ခြေဖုန်းမြောက်ကျေးရွာအုပ်စု၊ လွယ်လိုင်ကျေးရွာ လမ်းဝဲဘက်တွင် စိုက်ထူထားသော ဓာတ်တိုင် ၂၂ တိုင်၊ မိုင်းကိုင်မြို့ အရှေ့ဘက် လွိုင်လင်ကျေးရွာမှ ကွန်ပန်ကျေးရွာသို့ ဆက်သွယ်ထားသော လမ်းတလျှောက်တွင် စိုက်ထူထားသော ဓာတ်တိုင် ၃၆ တိုင်၊ စုစုပေါင်း ဓာတ်တိုင် ၅၈ တိုင်ခန့် လဲကျပျက်စီးသွားပြီး ဆုံးရှုံးမှု ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၂,၃၀၀ ကျပ် ခန့်ရှိကြောင်း သိရသည်။
လျှပ်စစ်ဓာတ်မီးတိုင်များ လဲကျပျက်စီးမှုကို မြို့နယ်လျှပ်စစ်ဦးစီးဌာနမှ လျှပ်စစ်မှူး ဦးအောင်ရဲထွန်းနှင့်အဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူးနှင့်အဖွဲ့တို့က သွားရောက်၍ လူအများသွားလာရာတွင် အဆင်ပြေစေရေး ရှင်းလင်းဆောင်ရွက်လျှက်ရှိကြောင်း၊ လူ၊ တိရိစ္ဆာန် သေဆုံးပျက်စီးမှုမရှိကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်