ရန်ကုန် စက်တင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယမန်နေ့နေ့လယ်ပိုင်းက ခရိုင်အဆင့် နည်းပြသင်တန်းဆင်းပွဲအခမ်းအနားကို ခရိုင်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် ကမာရွတ်ခရိုင် သန်ခေါင်စာရင်းကော်မတီဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားပြီး ခရိုင်အဆင့်နည်းပြသင်တန်းသားများကို သင်တန်းဆင်းလက်မှက်များအား တာဝန်ရှိသူများမှ ပေးအပ်ခဲ့ကြပါသည်။
အဆိုပါသင်တန်းကို စက်တင်ဘာ ၃ ရက်နေ့မှ ၁၃ ရက်နေ့ထိ(၁၀)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး မြို့နယ်အဆင့်သင်တန်းများကို စက်တင်ဘာ ၁၇ ရက်နေ့မှ စတင်ဖွင်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
၂၀၂၄ ခုနှစ်သန်ခေါင်းစာရင်းကို အောက်တိုဘာ(၁)ရက်နေ့မှ(၁၅)ရက်နေ့ အထိလူဦူရေနှင့် သန်ခေါင်းစာရင်းအားကောက်ယူသွားမည် ဖြစ်ပါသည်။
မြို့နယ်(ပြန်ဆက်)