ဝမ်းတွင်း ဧပြီ ၃
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ မြို့နယ်သံဃာ့နာယက ဆရာတော်ကြီးများ၏ ကြီးကြပ်မှုဖြင့် ၂၀၂၆ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲကို ဗဟိုကျောင်းတိုက်တွင် ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ၂၀၂၆ ခုနှစ်၊ အစိုးရ ပါဠိပထမပြန်စာမေးပွဲတွင် ပထမကြီး စာရင်းရှိ(၁၀)ပါး၊ ဖြေဆိုသူ (၁၀)ပါး၊ ပျက်ကွက် (မရှိ)၊ပထမ လတ်စာရင်းရှိ(၂၅)ပါး၊ ဖြေဆိုသူ(၂၅)ပါး၊ ပျက်ကွက်(မရှိ)။ ပထမငယ်စာရင်းရှိ(၂၇)ပါး၊ ဖြေဆိုသူ(၂၆)ပါး၊ ပျက်ကွက်(၁)ပါး၊ မူလတန်းစာရင်းရှိ (၃၅)ပါး၊ ဖြေဆိုသူ (၃၄)ပါး၊ ပျက်ကွက်(၁)၊ စုစုပေါင်း စာရင်းရှိ(၉၇)ပါး၊ ဖြေဆိုသူ(၉၅)ပါး၊ ပျက်ကွက်(၂)ပါးရှိကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်၌၂၀၂၆ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲကို ကျင်းပလျက်ရှိရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှုး ဦးရဲမြင့်သိန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက လှူဖွယ်ဝတ္ထုများ ကပ်လှူခဲ့ကြသည်။
ဌေးလှိုင်(ဝမ်းတွင်း)