ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ အဖွဲ့ဝင် ရှမ်းပြည်နယ် (တောင်ပိုင်း) တာဝန်ခံ ဦးခင်မောင်ဦးနှင့် ကွန်ဟိန်းမြို့နယ်ဌာနဆိုင်ရာများ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် တွေ့ဆုံ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ အဖွဲ့ဝင် ရှမ်းပြည်နယ် (တောင်ပိုင်း) တာဝန်ခံ ဦးခင်မောင်ဦးနှင့် အဖွဲ့ဝင်များသည် ယမန်နေ့ညနေ ၄ နာရီခန့်က အမှတ် (၃) ရပ်ကွက်ရှိ နမ့်ပန်ခန်းမ၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များနှင့်ရပ်ကွက်၊ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် တွေဆုံပွဲအခမ်းအနား ကျင်းပကြောင်း သိရသည်။