ထားဝယ်မြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနား၊ နိုင်ငံတော်အလံအလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ပွဲအခမ်းအနား ကျင်းပ

(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့နိုင်ငံတော်အလံတင်အခမ်းအနား၊ နိုင်ငံတော်အလံအလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားကွင်း၌ ကျင်းပခဲ့သည်။

မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲများကျင်းပ

(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲအခမ်းအနားများကို နိုင်ငံတစ်ဝန်း ကျင်းပဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီးအတွင်းရှိ အောင်လံမြို့နယ်၊ မင်းတုန်းမြို့နယ်၊ ရေနံချောင်းမြို့နယ်၊ ပွင့်ဖြူမြို့နယ်၊ ကံမမြို့နယ်၊ ဂန့်ဂေါမြို့နယ်၊ ဆင်ပေါင်ဝဲမြို့နယ်၊ မင်းဘူးမြို့နယ်၊ သရက်မြို့နယ်၊ ဆိပ်ဖြူမြို့နယ်၊ မင်းလှမြို့နယ်၊ ပေါက်မြို့နယ်၊ ချောက်မြို့နယ်၊ တောင်တွင်းကြီးမြို့နယ်၊ ငဖဲမြို့နယ်၊ စလင်းမြို့နယ်၊ ရေစကြိုမြို့နယ်၊ ပခုက္ကူမြို့နယ်တို့တွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြိတ်အကျဉ်းထောင်နှင့် ကျောက်ဖြူတောင်ကုန်ထုတ်စခန်းတို့မှ အကျဉ်းသား/သူ စုစုပေါင်း (၆၁)ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ အမိန့်ကြေညာစာအမှတ် (၂/၂၀၂၆)ဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတသည် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်သည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း မြိတ်အကျဉ်းထောင်နှင့် ကျောက်ဖြူတောင်ကုန်ထုတ်စခန်းတို့မှ အကျဉ်းသား/သူ(၆၁)ဦးအား ယနေ့နံနက် (၁၀) နာရီခွဲက ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုခဲ့ကြောင်း သိရသည်။

ယင်းမာပင်မြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို၊ မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဇန်နဝါရီ ၄ ရက် နံနက် ၄ နာရီ မိနစ် ၂၀ က (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကျင်းပရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဂုဏ်ပြုတပ်ဖွဲ့မှ ဦးဆောင်ကာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြုခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော ရဲဘော်အပေါင်းတို့အား အလေးပြုခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။

မန္တလေးတိုင်းဒေသကြီး၊ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်အလံလွှင့်တင်ခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်အလံလွှင့်တင်ခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်ရှိ မန္တလာသီရီဘောလုံးကွင်း၌ ယနေ့နံနက် ၄ နာရီမှ စတင်၍ ကျင်းပဆောင်ရွက်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲများကျင်းပ

(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲအခမ်းအနားများကို နိုင်ငံတစ်ဝန်း ကျင်းပဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အလုံမြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ ဒလမြို့နယ်၊ လှိုင်မြို့နယ်၊ လမ်းမတော်မြို့နယ်၊ စမ်းချောင်းမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဒေါပုံမြို့နယ်၊ ကိုကိုးကျွန်းမြို့နယ်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ တွံတွေးမြို့နယ်၊ အင်းစိန်မြို့နယ်၊ ကော့မှူးမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကင်းမြို့နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ သာကေတမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ဗိုလ်တထောင်မြို့နယ်များတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

တောင်ငူအကျဥ်းထောင်မှ ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဥ်းသား၊ အကျဥ်းသူ (၇၂)ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်သည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ အမိန့်အမှတ် ၂/၂၀၂၆၊ ၃/၂၀၂၆ အရ အကျဥ်းထောင်၊ အချုပ်ထောင်၊ အကျဥ်းစခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဥ်းသား၊ အကျဥ်းသူများကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ လွတ်ငြိမ်းခွင့်ပြုလျက်ရှိရာ ယနေ့နံနက် ၁၀  နာရီအချိန်တွင် တောင်ငူအကျဥ်းထောင်မှ အကျဥ်းသား၊ အကျဥ်းသူ (၇၂)ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့သည်။

ငပုတောမြို့နယ်၌ (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အမျိုးသားအလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အမျိုးသားအလွတ်တန်းပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့က ငပုတောမြို့ ရှုခင်းသာကားဝန်းအတွင်း ကျင်းပပြုလုပ်ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်‌ဆန်းဦးနှင့်အဖွဲ့ဝင်များ တက်ရောက်အားပေးကြကြောင်း သိရသည်။

(၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပေါင်းတည် အချုပ်ထောင်မှ အကျဉ်းသား အကျဉ်းသူ ၆၉ ဦးလွတ်ငြိမ်းချမ်းသာခွင့်ပြု

(၇၈) နှစ်မြောက်၊ လွတ်လပ်ရေးနေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသုဓမ္မ မင်းအောင်လှိုင်က (၇၈) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရန် လူမှုရေးအရ ငဲ့ညှာထောက်ထားသောအားဖြင့် နိုင်ငံတစ်ဝှန်းအချုပ်ထောင်၊ အကျဉ်းထောင်များမှအကျဉ်းသား အကျဉ်းသူ ၆၁၃၄ ဦးအားလွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ကြောင်းသိရသည်။

ရွှေဘိုမြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲကျင်းပ

‎စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့တွင် (၇၈)နှစ်မြောက်  လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အားကစားပြိုင်ပွဲများကို ယနေ့နံနက် ၈ နာရီမှစတင်၍ ရန်ကြီးအောင် အားကစားကွင်းတွင် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to