ကျိုက်လတ် အောက်တိုဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ဘူမိရူပဗေဒဌာနလက်အောက်ရှိ ဆိုက်စမစ်ရေနံရှာဖွေရေးအဖွဲ့သည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဆိုက်စမစ်တိုင်းတာရေးလုပ်ငန်းကြောင့် ပျက်စီးခဲ့သည့် PSC-Q လုပ်ကွက်၊ ဘုရားကုန်းဧရိယာ သီးနှံလျော်ကြေးပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး သီးနှံလျော်ကြေးအဖွဲ့ခေါင်းဆောင် ဦးရန်ပိုင်က သီးနှံလျော်ကြေးပေးလျော်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ 2D ဆိုက်စမစ်တိုင်းတာရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ တောင်သူများ၏ လယ်ယာမြေများအား မလွှဲမရှောင်သာ ဖြတ်သန်းလုပ်ကိုင်ရသည့်အတွက် သီးနှံများ ပျက်စီးခဲ့သည့် ကျေးရွာအုပ်စု (၄၉)အုပ်စု၊ ကျေးရွာခွဲ (၁၁၆)ရွာမှ တောင်သူ (၁၆၇၅)ဦး၏ ပျက်စီးဧက (၄၇.၅၉၇) ဧကကျော်အတွက် သီးနှံလျော်ကြေး ငွေကျပ် (၉၁,၀၁၉,၇၀၉.၁၆) သိန်းတိတိအား တာဝန်ရှိသူများမှ လက်ဝယ်အရောက် အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
လှိုင်မင်းအောင်