မဟာအောင်မြေ နိုဝင်ဘာ ၁
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်ဖြင့် မဟာအောင်မြေမြို့နယ်မြို့နယ်ရပ်ကွက်များရှိ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ၏ ရောဂါပျိုးချိန်သည်နာရီပိုင်းမှ(၅)ရက်အထိ ကြာမြင့်နိုင်သဖြင့် သောက်သုံးရေစဉ်ဆက်မပြတ် ကလိုရင်းဆေးခတ်ခြင်းလုပ်ငန်း (၁၀)ရက်ဆောင်ရွက်မှသာ ရောဂါကူးစက်မှုပြတ်တောက်နိုင်မည်ဖြစ်သဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများနှင့်အတူသက်ဆိုင်ရာမြို့နယ် ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌများ၏ ဦးဆောင်ပါဝင်မှုဖြင့် နှီးနွယ်ဌာနများ၊ လူမှုရေးအသင်းအဖွဲ့များမှ ဆေးဖျန်းပေးခြင်း၊ ရေသန့်ဆေးပြားခတ်ခြင်းကိုလည်း တပြိုင်နက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အဆိုပါ လုပ်ငန်းစဉ်ကို (၁.၁၁.၂၀၂၄)ရက်နေ့မှစ၍ မဟာနွယ်စဉ်ရပ်ကွက်၊ ဒေးဝန်းအရှေ့ရပ်ကွက်၊ သံလျှက်မှော်အရှေ့ရပ်ကွက်၊ စိန်ပန်းရပ်ကွက်၊ ဟေမမာလာတောင်ရပ်ကွက်များသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း မဟာအောင်မြေ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှသိရသည်။
အောင်ဇော်မင်း