ကမာဝက်မြို့တွင် လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းကျင်းပ

မွန်ပြည်နယ် မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ သူ လူငယ်လူရွယ်များ အသိပညာဗဟုသုတများပြည့်စုံပြီး ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက အ.ထ.က (ကမာဝက်) စာသင်ကျောင်းရှိ ရွှေစင်ညီလာခန်းမ၌ ကျင်းပသည်။

စျေးကွက်ဝင်သည့် ကိုကိုးပင်များကို ဥယျာဥ်ခြံများ၌ ကြားညှပ်၍စိုက်ပျိုးနိုင်

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ဥယျာဥ်ခြံများ၌ ကြားညှပ်၍ ကိုကိုးပင်များကို စိုက်ပျိုးခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေများရရှိနိုင်ကြောင်း သိရသည်။

တောင်သမန် မယ်ဇယ်လွင်ပြင်ဖွင့်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့၊ သမိုင်းဝင်ဦးပိန်တံတားအနီးတွင် ယနေ့ နံနက် ၇ နာရီ အချိန်က တောင်သမန်မယ်ဇယ်လွင်ပြင်ဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

ပေါင်းတည်၌ စိုက်ပျိုးရေရရှိမှုနှင့် ထွန်ယက်စိုက်ပျိုးနိုင်မည့်အခြေအနေ ကွင်းဆင်းကြည့်ရှု

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့ နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်သည် ခရိုင်နှင့် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များလိုက်ပါလျက် ၂၀၂၄ ခုနှစ်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး နွေစပါးစိုက်ပျိုးမည့် စိုက်ကွင်းများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ကမာဝက်မြို့၌ လူငယ်နှင့်အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

မွန်ပြည်နယ် ကမာဝက်မြို့တွင် လူငယ်နှင့်အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက အ.ထ.က (ကမာဝက်) စာသင်ကျောင်းရှိ ရွှေစင်ညီလာခန်းမ၌ ပြုလုပ်သည်။

မလှိုင်မြို့၌ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ၊ အုပ်ချုပ်ရေးဆိုင်ရာဥပဒေနှင့် နည်းဉပဒေများအကြောင်း အသိပညာပေးဟောပြောပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးမင်းထက်နှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများတွေ့ဆုံ၍ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဥပဒေ၊ အုပ်ချုပ်ရေးဆိုင်ရာနည်းဥပဒေများအကြောင်း အသိပညာဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရွှေတောင်မြို့နယ် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး အထက်တန်းကျောင်း အလယ်တန်းအဆင့် (Grade-9) ပြီးမြောက်သူများအား သင်ယူမှုအခွင့်အလမ်း အသိပညာပေးဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး အထက်တန်းကျောင်း၊ ရတနာခန်းမတွင် ယမန်နေ့နံနက်ပိုင်းက အလယ်တန်းအဆင့် (Grade-9) ပြီးမြောက်သူများအား သင်ယူမှုအခွင့်အလမ်း အသိပညာပေးဟောပြောဆွေးနွေးပွဲ ကျင်းပခဲ့သည်။

သာပေါင်းမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဂုံမင်းကျေးရွာ အုပ်စုတွင် ဆိုလာနှင့်၆လက်မ ပန့်နှစ်လုံးဖြင့် ရေတင်နေမှု၊ ဘောင် ငရုတ်စိုက်ပျိုး ဖြစ်ထွန်းမှုနှင့် နွေစပါး စိုက်ရန် ပြင်ဆင်နေမှုများအား ကြည့်ရှု

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်က ဂုံမင်းကျေးရွာအုပ်စုတွင် ဆိုလာနှင့် ၆ လက်မ ပန့်နှစ်လုံးဖြင့် ရေတင်နေမှု၊ ဘောင် ငရုတ်စိုက်ပျိုးဖြစ်ထွန်းမှုနှင့် နွေစပါးစိုက်ရန် ပြင်ဆင်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ကြံခင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် စာရေးများ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ စာ‌ရေးဝန်ထမ်းများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာဦးခန်းမ၌ ကျင်းပခဲ့သည်။

ရွှေတောင်မြို့နယ်တွင် ၂၀၂၃- ၂၀၂၄ခုနှစ်၊ မိုးစပါးသီးနှံအတွက် သွင်းအားစု (ဓာတ်မြေသြဇာ) ထောက်ပံ့ပေးအပ်မှုအပေါ် အပြေအကြေပေးဆပ်သည့်ရပ်ကွက်/ ကျေးရွာအုပ်စုများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါးသီးနှံအတွက်သွင်းအားစု (ဓာတ်မြေသြဇာ) ထောက်ပံ့ပေးအပ်မှုအပေါ် အပြေအကြေပေးဆပ်သည့် ရပ်ကွက်/ ကျေးရွာအုပ်စုများအား ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။
Subscribe to