မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၄ ခုနှစ် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် မွန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်        

၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကိုမွန်ပြည်နယ် မော်လမြိုင်မြို့၌ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်ရာ ရှေးဦးစွာ ကျင်းပရေးဦးစီးကော်မတီနာယက၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို အမျိုးသားရေးဦးတည်ချက်(၅)ရပ်နှင့်အညီ နိုင်ငံရေးအနှစ်သာရရှိရှိ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းကော်မတီများဖွဲ့စည်းထားရှိပြီဖြစ်ကြောင်း၊ နှစ်စဉ်ကျင်းပလျက်ရှိသော အခမ်းအနားတစ်ခုဖြစ်သောကြောင့် သက်ဆိုင်ရာကော်မတီများ၊ ဆပ်ကော်မတီများအနေဖြင့် ယခင်နှစ်များက အတွေ့အကြုံများကိုလေ့လာပြီး ချို့ယွင်းချက်၊ အားနည်းချက်နှင့် အခက်အခဲများမဖြစ်ပေါ်စေရေး၊ အချင်းချင်းပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရမှာဖြစ်‌ကြောင်း ပြောကြားသည်။

ရန်ကင်းမြို့နယ်၌ မီးဘေးလုံခြုံရေးအတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်း တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် မီးသတ်ဦးစီးဌာနက ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးပြီး မီးလောင်မှုကြောင့် ပြည်သူများအသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှု မရှိစေရေးအတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မီးဘေးလုံခြုံရေးစစ်ဆေးခြင်း လုပ်ငန်းများကို ယနေ့နံနက် (၉) နာရီက အမှတ် (၁၂) ရပ်ကွက်အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့နယ် အ.ထ.က(ခွဲ) ကတ်ဖကျောင်း၌ ပညာရေးစုံညီပွဲတော် ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ အ.ထ.က(ခွဲ) ကတ်ဖကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယနေ့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်မနောလိဂ်ကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် ဘောလုံးဒိုင် သင်တန်းဖွင့်ပွဲ ကျင်းပ

ကချင်ပြည်နယ် ကိုယ်စားပြု ဖွဲ့စည်းတည်ထောင်ထားသည့် မနောလိဂ်ဘောလုံး ကော်မတီမှ ကြီးမှူး၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ပူးပေါင်းကာ ဘောလုံးဒိုင်လူကြီး သင်တန်းဖွင့်ပွဲကို ဇန်နဝါရီ ၃၁ ရက် နံနက် ၁၁ နာရီက မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ထောင်ဝိကွင်း ကုန်ထုတ်လမ်း ဖွင့်လှစ်

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဘားအံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ငွေစင်ဆန်းသစ်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သော ဘားအံမြို့၊ အမှတ်(၈)ရပ်ကွက်၊ ထောင်ဝိကွင်းအမှတ်(၁၁၈၄)ကုန်ထုတ်လမ်းဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီက အဆိုပါကုန်ထုတ်လမ်းမုခ်ဦး တည်နေရာ၌ ကျင်းပခဲ့သည်။

တောင်ငူမြို့၌  နွေစပါးပန်းတိုင်အထွက်နှုန်းပြည့်မီကျော်လွန်ရေး စိုက်ပျိုးနည်းစနစ်ပညာပေး (ToT) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၌ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင်များအား နွေစပါးပန်းတိုင်အထွက်နှုန်းပြည့်မီကျော်လွန်ရေး စိုက်ပျိုးနည်းစနစ်ပညာပေး (ToT) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က အမှတ် (၁၇)ရပ်ကွက် ကေတုရတနာခန်းမ၌ ကျင်းပသည်။

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် MSME လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်လျက်ရှိသည့်၊ MSME လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ယမန်နေ့ နံနက် ၁၁ နာရီခွဲက ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစောထွန်းဝင်းနှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

လှည်းကူးမြို့နယ်၌ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာပညာပေးဟောပြောခြင်း၊ ရပ်ရွာအခြေပြုအသက်မွေးဝမ်းကြောင်းပညာ လိုအပ်ချက်ဆန်းစစ်ခြင်းနှင့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားလူငယ်လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး လူမှုစီးပွားဘဝမြင့်မားတိုးတက်လာစေရန် ရည်ရွယ်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာပညာပေးဟောပြောခြင်း၊ ရပ်ရွာအခြေပြုအသက်မွေးဝမ်းကြောင်း ပညာလိုအပ်ချက်ဆန်းစစ်ခြင်းအစီအစဉ်နှင့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်ဓမ္မာရုံ၌ ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။

ကျိုက်မရောမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးတင်သောင်းဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှုမရှိစေရန်အတွက် မီးဘေးအန္တရာယ်ကာကွယ်ရေးအသိပညာပေးခြင်းလုပ်ငန်းများကို ယနေ့နံနက် ၁၀ နာရီက ရန်မျိုးအောင်ရပ်ကွက်ရှိ နေအိမ်များ၌ မီးဘေးကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားရှိမှုနှင့် မီးလောင်မှုများမဖြစ်ပေါ်စေရေး တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးခဲ့သည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြင့်မားရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ကျောင်းအုပ်ကြီးများနှင့် အခြေခံပညာအထက်တန်းကျောင်း (သာပေါင်း) ၊ သော်ကဆောင်ခန်းမ၌ ယနေ့ဇန်နဝါရီလ ၃၁ ရက်နေ့၊ နံနက် ၉ နာရီအချိန်က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
Subscribe to