ဓနုဖြူမြို့နယ်၌ ပတ်ဝန်းကျင်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ငါးဘတ်အိုင် ခေတ်မှီစံပြကျေးရွာ၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ​ဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့အတွင်း ကမ်းထိန်းနံရံများ၊ ရေထိန်းတံခါးများအား ဘဏ္ဍာနှစ်အလိုက် ဦးစားပေးဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေးပြီး ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ကချင်ပြည်နယ်အတွင်း ၂၀၂၄ ခုနှစ် ဇွန် ၃၁ ရက်နှင့် ဇူလိုင် ၁ ရက်နေ့များတွင် ဧရာဝတီမြစ်ရေ စံချိန်တင်မြင့်တက်ခဲ့မှုကြောင့် မြစ်ကြီးနားမြို့ပေါ်ရပ်ကွက် ၃ ရပ်ကွက်မှအပ ကျန်ရပ်ကွက်များတွင် ရေကြီးနစ်မြှုပ်မှုများဖြစ်ပေါ်ခဲ့သဖြင့် ဧရာဝတီမြစ်ကမ်းထိန်းသိမ်းရေးနှင့် ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေး စီမံကိန်းလုပ်ငန်းများ ချမှတ်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက် ၇ နာရီခွဲက ဧရာဝတီမြစ်ကမ်းတစ်လျှောက် ဆောင်ရွက်သွားမည့်လုပ်ငန်းစီမံကိန်းများအား ဦးစားပေးအလိုက် ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ ကြသည်။

နမ့်စန်တွင် ကျောင်းပေါင်းစုံ အသက် (၁၆) နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်ပညာရေးမှူးဖလား အခြေခံ ပညာကျောင်းပေါင်းစုံ အသက် (၁၆) နှစ်အောက် အမျိုးသား၊ အမျိုးသမီးဘောလုံး ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်ကျောက်တိုင်အားကစားကွင်း အတွင်းတွင် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ရာ အရှေ့ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ် ဌာနချုပ်မှူး ဗိုလ်ချုပ် စိုးအောင်နှင့် စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးတင်ကျော်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ခဲ့ကြသည်။

လယ်ဝေးမြို့နယ်၊ အေလာအခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

ပြည်ထောင်စုနယ်မြေ၊လယ်ဝေးမြို့နယ်၊ အေလာ၊ အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း အခမ်းအနားကျင်းပခဲ့သည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုနှင့် သမဝါယမစိတ်ဓာတ် ထွန်းကားပြန့်ပွားရေးဆိုင်ရာ ဆုချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်

ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုနှင့် သမဝါယမစိတ်ဓာတ်ထွန်းကားပြန့်ပွားရေးဆိုင်ရာ ဆုချီးမြှင့်ခြင်း အခမ်းအနားကို နိုဝင်ဘာ ၅ ရက်နေ့ နံနက် ၉ နာရီခွဲက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်၊ လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေး ဦးအောင်ချို၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဆုရကျောင်းသား ၊ ကျောင်းသူများ တက်ရောက်ကြသည်။

(၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ထူးဂုဏ်(တောင်ဝိုင်း-ကော့ဌေး-နောင်သကန်) ကွန်ကရစ်လမ်းသစ်ဖွင့်

နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် (၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ဘားအံမြို့နယ်၊ ထူးဂုဏ် (တောင်ဝိုင်း-ကော့ဌေး-နောင်သကန်) ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို အဆိုပါလမ်းသစ်မုခ်ဦးတည်နေရာ၌ ကျင်းပသည်။

ဟင်္သာတမြို့နယ်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၆)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတ မြို့နယ်တွင် (၃၆) နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ခရိုင်အတွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများစုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက  ဟင်္သာတခရိုင်ပြည်သူ့ဆေးရုံကြီး သွေးလှူဘဏ်တွင် ပြုလုပ်ခဲ့သည်။

ပြည်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုး တိုးတက်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်မြို့နယ် မြန်မာနိုင်ငံစာရေး ဆရာအသင်းတို့ပူးပေါင်း ဆောင်ရွက်သော လူငယ်အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ပြည်မြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပရာ အဆိုပါကျောင်းမှ ဆရာ၊ ဆရာမများနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၂၀၀ ဦးခန့်တက်ရောက်ကြသည်။

ချောင်းဆုံမြို့နယ်၌ မိုးစပါးစံကွက် ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပ

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် တောင်သူများ မျိုးကောင်းမျိုးသန့်စပါးများ အသုံးပြု စိုက်ပျိုးနိုင်ရေးနှင့် မိုးစပါးတစ်ဧက အထွက်နှုန်းမြင့်မားရေးအတွက် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ မိုးစပါးစံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက် ၁၀ နာရီက နတ်မှော် ကျေးရွာ ကွင်းအမှတ်(၆၁၃)ရှိ စိုက်ပျိုးရေးဦးစီးဌာန မျိုးစေ့ထုတ်စိုက်ခင်း (၂)ဧကတွင် ကျင်းပခဲ့သည်။
Subscribe to