ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ၂၀၂၁၄−၂၀၂၅ ခုနှစ်၊ ဆီထွက်သီးနှံ၊ ဆောင်းနေကြာစိုက်ပျိုးထုတ်လုပ်ရေးအတွက် ဆင်းရွှေကြာ (၂)၊ နေကြာမျိုးစေ့နှင့် ကိုက်လန်မျိုးစေ့ပေးအပ်လှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

၂၀၂၁၄−၂၀၂၅ ခုနှစ် ၊ ဆီထွက်သီးနှံ ၊ ဆောင်းနေကြာ စိုက်ပျိုးထုတ်လုပ်ရေးအတွက် ဆင်းရွှေကြာ(၂)၊ နေကြာမျိုးစေ့နှင့် ကိုက်လန်မျိုးစေ့ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးအောင်ချို၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဟားခါးမြို့နယ်ရှိ တောင်သူများ တက်ရောက်ကြသည်။

ပြည်ထောင်စုရွေးကောက်ပွဲကာ်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင် ကြို့ပင်ကောက်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ့ရုံးဝန်ထမ်းများနှင့်တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ ဆွေးနွေးမှာကြား

ပြည်ထောင်စုရွေးကောက်ပွဲကာ်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင်နှင့်အဖွဲ့ဝင်များသည် ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့ရုံးသို့ ယနေ့မွန်းလွဲပိုင်းက ရောက်ရှိပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပုဗ္ဗသီရိမြို့နယ်အတွင်း တောင်သူများအား ဆောင်းသီးနှံ မတ်ပဲနှင့် နေကြာမျိုးစေ့ထောက်ပံ့ပေးအပ်ပွဲ၊ သီးနှံများစိုက်ပျိုးထားရှိမှုအခြေအနေများနှင့် စိုက်ပျိုးထားသော မျိုးစေ့ ထုတ်စိုက်ခင်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းကျေးရွာအုပ်စု၊ ဘဲကုန်းကျေးရွာ၊ ကွင်းအမှတ် ၁၆၂၃ ကွင်း ယာယီရှင်းလင်းဆောင်၌  ရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့် မိုးစပါးစိုက်ဧကများအတွက် ဆောင်းသီးနှံ မတ်ပဲနှင့် နေကြာမျိုးစေ့ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဌာနဆိုင်ရာဝန်ထမ်းများအတွက် e-Government ဆိုင်ရာ အထောက်အကူပြု အခြေခံသင်တန်းနှင့် အဆင့်မြင့်သင်တန်း အမှတ်စဉ် (၂/၂၀၂၄) ဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်ပေး

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် e-Government လုပ်ငန်းများ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မရှိမဖြစ်လိုအပ်သည့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ICT နည်းပညာဘာသာရပ်များကို သိရှိနားလည်စေရေး သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ e-Government ဆိုင်ရာ အထောက်အကူပြု အခြေခံသင်တန်းနှင့် အဆင့်မြင့်သင်တန်း အမှတ်စဉ် (၂/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြသည်။

သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲ၊ နံရံစာ​​စောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်း​ဒေသ​ကြီး နတ်တလင်းခရိုင် သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းဖြစ်သော အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် Mobile စာကြည့်တိုက်ဖွင့်လှစ်ပေးခြင်းကို ယမန်နေ့က အခြေခံပညာမူလတန်းကျောင်း (ရွာထောင်ကုန်း) ၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Subscribe to