နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်ကောင်စီနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ပူးပေါင်း၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းအခမ်းအနား တက်ရာက်

နေပြည်တော်ကောင်စီနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။

မုဒုံမြို့နယ် နိုင်းပြိုင်ကျေးရွာတွင် စာကြည့်တိုက် အဆောက်အဦသစ် ဆောက်လုပ်ရန် ပန္နက်တင် မင်္ဂလာအခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ မုဒုံမြို့ နိုင်းပြိုင်ကျေးရွာတွင် ပြည်သူများ စာပေအသိပညာ ဗဟုသုတ တိုးပွားစေရန်နှင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ဆောက်လုပ်မည့် စာကြည့်တိုက် အဆောက်အဦအသစ် ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက အဆိုပါကျေးရွာရှိ စာကြည့်တိုက်ဆောက်လုပ်မည့် မြေနေရာ၌ ပြုလုပ်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၆) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနား တက်ရောက်

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၇ ရက်နေ့၊ ယနေ့တွင် ကျရောက်သည့် ပြည်ထဲရေဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၆)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ရာမညခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မွန်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အငြိမ်းစားအရာရှိကြီးများ၊ ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် အရာထမ်း/အမှုထမ်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ချင်းပြည်နယ်ဖွံ့ဖြိုးတိုးတက်မှုမှတ်တမ်း ပြုစုနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၅/၂၀၂၄) သို့ တက်ရောက်

ချင်းပြည်နယ်ဖွံ့ဖြိုးတိုးတက်မှုမှတ်တမ်းပြုစုနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၅/၂၀၂၄) ကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်မှုမှတ်တမ်းပြုစုတင်ပြရေးကော်မတီဥက္ကဋ္ဌ၊ လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေး ဦးအောင်ချို၊ ချင်းပြည်နယ်ဖွံ့ဖြိုးတိုးတက်မှုမှတ်တမ်းပြုစုတင်ပြရေးကော်မတီအတွင်းရေးမှူး၊ ဟားခါးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာနွယ်သင်းနီနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

မန္တလေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၆) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ ဝန်ထမ်းများအား ပျော်ရွှင်စွာကံစမ်းမဲများ မဲဖောက်ပေး

ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၆) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့ မွန်းတည့် (၁၂) နာရီက မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံးဟောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။

ဆီဆိုင်မြို့နယ်၌ မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်း ပညာသင်တန်းဆင်းပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေး၊ ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေတိုးရေးစီမံကိန်းနှင့် ဘေးဒဏ်သင့်ပြည်သူများအတွက် စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်နိုင်စေရေးရည်ရွယ်၍ မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်း ပညာသင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဘုရားဖြူကျေးရွာရှိ ခန်းမ၌ ပြုလုပ်ခဲ့သည်။

ကျောက်ဆည်မြို့နယ် ပေတောကြီးကျေးရွာ၌ (VDP)စီမံကိန်းဖြင့် ကျေးရွာများတွင် ကွန်ကရစ်လမ်းများခင်းပေးသွားမည်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ကျေးရွာများဖွံ့ဖြိုးတိုးတက်ရေး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာများတွင် ကွန်ကရစ်လမ်းများ ခင်းပေးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပေတောကြီးကျေးရွာ၌ (VDP)စီမံကိန်းဖြင့် ကျေးရွာတွင်းလမ်းများအား  ကွန်ကရစ်ခင်းပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြို့သစ်မြို့နယ်၊ မြေပြင်သာကျေးရွာ၊ ပညာဘဏ်တိုက်စာကြည့်တိုက်ဆောက်လုပ်မှု (၉၀) ရာခိုင်နှုန်းပြီးစီး

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ပြည်သူများအသိပညာဗဟုသုတရရှိစေရေး၊ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြင့်မားရေးအတွက် နိုင်ငံတော်၏ လှူဒါန်းထောက်ပံ့ငွေဖြင့် ဆောက်လုပ်လျက်ရှိသည့် မြေပြင်သာကျေးရွာအုပ်စု၊ မြေပြင်သာကျေးရွာ၊ ပညာဘဏ်တိုက်စာကြည့်တိုက်အဆောက်အအုံကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လက စတင်ပြီး ဆောက်လုပ်လျက်ရှိရာ နိုဝင်ဘာလ ၆ ရက်‌နေ့အထိ  (၉၀) ရာခိုင်နှုန်းဆောက်လုပ်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

နတ်မောက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အလယ်တန်းဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး အလယ်တန်းဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် (၉) နာရီခွဲအချိန်က ကျင်းပသည်။
Subscribe to