ညောင်လေးပင်မြို့၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၆)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ

ညောင်လေးပင် နိုဝင်ဘာ ၈

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၌ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၆)နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားကို ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးသစ်ခန်းမတွင် ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားအား နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး ညောင်လေးပင်မြို့နယ်  တောရကြီးကျောင်းတိုက်  ပဓါနနာယက ဆရာတော် ဘဒ္ဒန္တစန္ဒဝံသ (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ) အရှင်မြတ်ကြီးထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူ​ဆောက်တည်ကြပြီး ကြွရောက်လာသော ဆရာတော်သံဃာတော်အရှင်သူမြတ်ကြီးများမှ အန္တရာယ်ကင်း ပရိတ်တရားတော်များအားရွတ်ဖတ်ပူဇော်ပြီးနောက် ဆရာတော် သံဃာတော် အရှင်သူမြတ်ကြီးများအားလှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာညောင်လေးပင်မြို့နယ် ကမ္မဌာန်းကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တဣန္ဒေါဘာသာဘိဝံသ နိုင်ငံတော်သံဃာ့ဝန်ဆောင်(အဂ္ဂမဟာပဏ္ဍိတ)အရှင်မြတ်ကြီးထံမှ ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီး အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့်အဖွဲ့ဝင်များ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများတတ်ရောက်ခဲ့​ကြသည်။ ထို့နောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နှစ်ပတ်လည်နေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲအဖြစ် ဝန်ထမ်းများအား ဗလာမပါကံစမ်းမဲများဖောက်ပေးခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)