ဖျာပုံမြို့နယ်၊ အ.လ.က(ခွဲ)ကျုံကူတူးမြောင်းကျောင်းတွင် လူငယ်အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်ပြပွဲ၊နံရံကပ်စာစောင်ပြသဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဖျာပုံခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဥာဏ၊ စာရိတ္တဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင် ပြသဆောင်ရွက်ခြင်းကို နိုဝင်ဘာလ ၆ ရက်နေ့ နေ့လယ်ပိုင်းအချိန်က ဖျာပုံမြို့နယ် အ.လ.က(ခွဲ)ကျုံကူတူးမြောင်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မြောင်းမြခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာကြည့်တိုက် လုပ်ငန်းများ ကျွမ်းကျင်မှုရှိစေရေး သင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာကြည့်တိုက်လုပ်ငန်းများ ကျွမ်းကျင်မှုရှိစေရေးသင်တန်းကို ယမန်နေ့ညနေ (၃) နာရီအချိန်က ဖွင့်လှစ်သင်ကြားပေးခဲ့သည်။

(၃၆) နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဝန်ထမ်း မိသားစုများ၏ ဒုတိယအကြိမ်  ကထိန်သင်္ကန်းဆပ်ကပ်လှူဒါန်းပွဲကျင်းပ

(၃၆) နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ်၊ ပြင်ဦးလွင်ခရိုင်နှင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းမိသားစုများ၏ ဒုတိယအကြိမ်၊ ကထိန်သင်္ကန်းဆပ်ကပ်လှူဒါန်းပွဲကို သာသနာတော်နှစ် (၂၅၆၈)၊ ကောဇာသက္ကရာဇ်( ၁၃၈၆) ခု၊ တန်ဆောင်မုန်းလဆန်း (၇) ရက်၊  ခရစ်သက္ကရာဇ်  (၂၀၂၄)  ခုနှစ်၊  နိုဝင်ဘာလ ၇ ရက်နေ့ နံနက် ၁၀ နာရီက ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၂၁)၊ ကေသရာ ရာမသဲဖြူချောင်းကျောင်းတိုက်ကြီး၌  ကျင်းပပြုလုပ်ခဲ့သည်။

တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးက STEP Survey ကွင်းဆင်းဆောင်ရွက်မည့် တာဝန်ရှိသူများကိုတွေ့ဆုံ၍ လိုအပ်သည်များလမ်းညွှန်မှာကြား

ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေး အစည်းအဝေးခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းက STEP Survey ကွင်းဆင်းဆောင်ရွက်ကြမည့် တာဝန်ရှိသူများတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်းက တွေ့ဆုံ၍ လိုအပ်များလမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။ 

ရေနံချောင်းမြို့နယ်၌ (၃၆)ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၌ (၃၆)ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Subscribe to