မိုင်းတုံမြို့နယ်ရှိ မဲကင်(ဝမ်မိုင်)-နားပါကော်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ပြည်ထောင်စု+ပြည်နယ်ဘတ်ဂျတ်ခွင့်ပြုရန်ပုံငွေ (၄၆၃.၂၅)သန်းဖြင့် မဲကင်(ဝမ်မိုင်)-နားပါကော်လမ်း အရှည် ၂ မိုင် ၁ ဖာလုံ၊ လမ်းအကျယ်(၁၂)ပေ လမ်းထု(၉)ပေ ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) အရည်အသွေးစစ်ဆေးရေးအဖွဲ့နှင့် မြို့နယ်အရည်အသွေးစစ်ဆေးရေးအဖွဲ့တို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။