ဟားခါး နိုဝင်ဘာ ၈
ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၆) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ချင်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်လွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးအောင်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ သမိုင်းကြောင်းကို ပြန်ကြည့်ရာတွင် ခေတ်အဆက်ဆက် နိုင်ငံတော်၏ အုပ်ချုပ်ရေး ယန္တရားကို ဟန်ချက်ညီညီလည်ပတ်အောင်ဆောင်ရွက်ခဲ့သည့် ဦးစီးဌာနဖြစ်သည်ကို တွေ့ရှိရသည့်အပြင် အစိုးရအဖွဲ့၏ အုပ်ချုပ်ရေးယန္တရားအဆင်ပြေစွာ လည်ပတ်နိုင်ရေးအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများကို မဏ္ဍိုင်ထား၍ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်နှင့် ကျေးရွာအထိလုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်နေရပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ လူမှုရေးစသည့် ကဏ္ဍအားလုံးတွင်လည်း ပြည်သူလူထုအတွက် ဆောင်ရွက် သည့် ဌာနဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အစိုးရ၏ မူဝါဒ၊ လမ်းညွှန်ချက်နှင့် ဝန်ကြီးဌာန၊ ဦးစီးဌာန၏ ရည်မှန်းချက်များ၊ မူဝါဒများကို လိုက်နာဆောင်ရွက်ရန်လိုကြောင်းနှင့်ဝန်ထမ်းများ အနေဖြင့် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို လေးစားလိုက်နာပြီးဒေသ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကျရာအခန်းကဏ္ဍမှ တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်သည့် ဝန်ထမ်း ကောင်းများဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးအပ်ပါကြောင်းဖြင့် ဂုဏ်ပြုနုတ်ဆက် စကားပြောကြားသည်။
ထို့နောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ သမိုင်းကြောင်းနှင့် ဆောင်ရွက်ချက်မှတ်တမ်း Video Clip ကို ပြသပြီး ပြည်နယ်ဝန်ကြီးချုပ်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားအတွက် ဝတ်စုံစရိတ်နှင့် ပညာသင်စရိတ်ထောက်ပံ့ငွေ ကျပ် ၁၅,၆၇၃,၀၀၀/− ပေးအပ်ရာ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ချိုက လက်ခံရယူ၍ ကျေးဇူးတင်စကားပြောကြားကာ ပထမပိုင်းအစီအစဉ် ရုပ်သိမ်းသည်။
ယင်းနောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဒုတိယပိုင်း အစီအစဉ်ကို မွန်းလွဲ ၁ နာရီက ဆက်လက်ကျင်းပရာ ချင်းပြည်နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ချိုက နှစ်ပတ်လည်မိန့်ခွန်း ပြောကြားသည်။
ထို့နောက် ချင်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဝန်ထမ်းသား/သမီးများအား ပညာသင်စရိတ်ပေးအပ်ခြင်း၊ သွေလှူဒါန်းမှုအကြိမ်ရေအများဆုံးဆုချီးမြှင့်ခြင်း၊ ပြည်နယ်အုပ်ချုပ်ရေးမှူးဖလား မုတ်သုံစားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်ခြင်း၊ လုပ်ငန်း စွမ်းဆောင်ရည်မြင့်မားရေးမွမ်းမံသင်တန်း၊ ကွန်ပျူတာအခြေခံ(ရက်တို) သတင်တန်းနှင့် ကွန်ပျုတာ အဆင့်မြင့် (ရက်တို) သင်တန်းများတွင် ပထမ၊ ဒုတိယ၊ တတိယရရှိသူများများအား ပြည်နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ချို၊ ညွှန်ကြားရေးမှူး ဦးထွန်းသိန်း၊ ညွှန်ကြားရေးမှူး ဦးမြင့်ဆွေ၊ ဒုတိယညွှန်ကြားရေးမှူးနှင့် လက်ထောက်ညွှန်ကြားရေးမှူးများက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြပြီး ဝန်ထမ်းများအား နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဗလာမပါကံစမ်းမဲနှိုက်ခြင်းများလည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)