အခြေခံပညာကျောင်းများတွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာ​​စောင်ပြပွဲကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသ​ကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန် မြင့်မားပြီး  အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ယနေ့နံနက် (၉)နာရီအချိန်က အခြေခံပညာမူလတန်းကျောင်း (မိုးတိမ်ပြင်)နှင့် (ဘူးပြော) ​ကျောင်းတို့တွင် နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေးခြင်း၊ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မလှိုင်မြို့ လူထုအခြေပြုဗဟိုဌာနတွင် Online Shopping ရောင်းချခြင်းလုပ်ငန်း အသိပညာပေး ဆွေးနွေးပွဲကျင်းပ

မလှိုင်မြို့ လူထုအခြေပြုဗဟိုဌာနတွင် Online Shopping ရောင်းချခြင်းလုပ်ငန်း အသိပညာပေး ဆွေးနွေးပွဲကျင်းပ မလှိုင် နိုဝင်ဘာ ၇ မျိုးဇော်ဇော်ထွန်း

ပေါင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍  စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နယ်လှည့်စာကြည့်တိုက် အသိပညာပေး ဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းကို ယနေ့ မွန်းလွဲ(၁)နာရီက အမက(လွန်)‌ဒေးဗိန်ကျောင်း‌‌၌ ပြုလုပ်ခဲ့သည်။

ဟိုပုံးမြို့နယ် လူထူအခြေပြုဗဟိုဌာန၌ စက်ချုပ်နည်းပညာ မွမ်းမံသင်တန်းဆင်းပွဲကျင်းပ

ဟိုပုံးမြို့နယ် လူထူအခြေပြုဗဟိုဌာန၌ စက်ချုပ်နည်းပညာ မွမ်းမံသင်တန်းဆင်းပွဲကျင်းပ ဟိုပုံး နိုဝင်ဘာ ၇ ပအိုဝ်းဒေသ (ပြန်/ဆက်)

မြစ်သားမြို့နယ်တွင် မိုးနှောင်းချည်မျှင်ရှည်ဝါ သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ကံဆွယ်ကျေးရွာအုပ်စု၊ တောင်းတောကုန်းကျေးရွာ၌ စိုက်ပျိုးရေးတောင်သူများသည် စိုက်ပျိုး‌ရေးလုပ်ငန်းကို လုပ်ကိုင်ကြရာ ယခုအချိန်တွင် အထွက်နှုန်းကောင်း၊ စျေးကောင်းရရှိသည့် မိုးနှောင်းချည်မျှင်ရှည်ဝါ သီးနှံစိုက်ခင်းများ တိုးချဲ့စိုက်ပျိုးသည့်ကွင်းအမှတ် ၅၄၉ (ခ) ကွင်းတွင် အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ဝါစိုက်တောင်သူ ဦးအောင်ဆန်းဦးထံမှ သိရသည်။
Subscribe to