ကျောင်းကုန်းမြို့၌ စက်သုံးဆီဆိုင်များအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလိုက်လံစစ်ဆေး

ကျောင်းကုန်း နိုဝင်ဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စက်သုံးဆီဆိုင်များအား ယနေ့နံနက် (၁၀) နာရီအချိန်ခန့်က ပူးပေါင်းအဖွဲ့မှ လိုက်လံစစ်ဆေးခဲ့ကြသည်။

အဆိုပါ ပူးပေါင်းအဖွဲ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးအောင်နိုင်ဦး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်း၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးတင်ကို၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်ဝင်းနှင့် သန္ဓေတပ်ဖွဲ့ဝင်များ၊ စည်ပင်သာရေးအဖွဲ့ ဒုတိယဦးစီးမှူး ဦးဇော်ထွေးတို့က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် "T S" စက်သုံးဆီအရောင်းဆိုင်နှင့် "အင်ကြင်းနီ"စက်သုံးဆီအရောင်းဆိုင်တို့ကို လိုက်လံစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)