ပဲခူး နိုဝင်ဘာ ၁၇
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ၂၀၂၄ ခုနှစ်၊ ပဲခူးမဟာတန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာ ၉ ရက်မှစတင်၍ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်၊ နိုဝင်ဘာ ၁၆ ရက်အထိ စည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာကျင်းပပြီးစီးခဲ့သည်။
ပဲခူးမဟာတန်ဆောင်တိုင်မီးထွန်းပွဲတော်တွင် ရွှေမော်ဓောစေတီရင်ပြင်၌ မသိုးသင်္ကန်းရက်ပြိုင်ပွဲအပါအဝင် မြန်မာ့ရိုးရာပဲခူးမဟာတန်ဆောင်တိုင်ပွဲတော် အလှဓာတ်ပုံပြိုင်ပွဲနှင့်စတုဒီသာ ကျွေးမွေးလှူဒါန်းပွဲများ၊ မီးပုံးပျံလွှတ်ပွဲ၊ MSMEs စျေးရောင်းပွဲ၊ စာအုပ်စျေးရောင်းပွဲ၊ နိုင်ငံကျော်အဆိုတော်များ၏ တေးဂီတဖျော်ဖြေပွဲများအပြင် အပျော်စီးချားရဟတ်များနှင့် ပွဲစျေးတန်းများတစ်လျှောက်တွင် ဒေသခံမြို့ခံများသာမက အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူဘုရားဖူးပြည်သူများဖြင့် ပွဲတော်ရက်အတွင်း ကြက်ပျံမကျ စည်ကားခဲ့ကြောင်း သိရသည်။
ရွှေသား (ပြန်/ဆက်)