ကဝမြို့နယ်၌ ငါးမျိုးများပေးအပ်ခြင်း အခမ်းအနားကျင်းပ

ကဝ နိုဝင်ဘာ ၂၂

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်အတွင်းရှိ ဂရန်အင်းများအတွင်းသို့ ငါးမျိုးစိုက်ထည့်ရန်အတွက် ငါးသားပေါက်များပေးအပ်ခြင်းကို ယမန်နေ့နံနက်(၁၀)နာရီက  မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး၌  ပြုလုပ်ခဲ့သည်။

ဦးစွာအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ကဝမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးလှ‌အောင်သိန်းက ငါးမျိုးစိုက်ထည့်ခြင်းလုပ်ငန်းများကို ငါးသယံဇာတများ တိုးပွားလာစေရန်နှင့် နှစ်စဉ်မပြတ် ငါးထုတ်လုပ်နိုင်ရန်အတွက်ရည်ရွယ်၍ ဂရန်အင်းများအတွင်း ငါးမျိုးစိုက်ထည့်ပေးခြင်းဖြစ်‌ကြောင်း၊ ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် နှစ်စဉ်ငါးမျိုးစိုက်ထည့်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ဂရန်အင်း (၉) အင်းအတွက် ငါးမြစ်ချင်း (၂) လက်မအရွယ် ငါးသားပေါက်ကောင်ရေ (၁၆၃၅၃)ကောင်တို့အား အင်းလုပ်ကိုင်သူများအား လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)