လဟယ် နိုဝင်ဘာ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာဖတ်ကြားခြင်းနှင့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်၊ လဟယ်မြို့အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း ချယ်ရီမြိုင်ခန်းမတွင် ကျင်းပပြုလုပ်ပါသည်။
ရှေးဦးစွာအခမ်းအနားကို အခြေခံပညာနှင့်စက်မှုစိုက်ပျိုးမွေးမြူရေးအထက်ကျောင်းမှ ကျောင်းသား/ ကျောင်းသူလေးများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖွင့်လှစ်သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သည့်(၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့သဝဏ်လွှာအား နာဂဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်း၀င်းက ဖတ်ကြားပါသည်။
ထို့နောက်(၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီးချီးမြှင့်ကာ အခမ်းအနားကို မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုပိတ်သိမ်းပါသည်။
အဆိုပါအခမ်းအနားသို့ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်း၀င်း၊ အတွင်းရေးမှူး ဦးလင်းကိုကိုနှင့် အဖွဲ့၀င်များ၊ လဟယ်မြို့နယ်မံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ရဲမှူးရန်အေးနှင့် အဖွဲ့ဝင်များ၊ ဒေသအဆင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အထကကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)