စလင်း နိုဝင်ဘာ ၂၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်းရှိ ဒေသခံကျေးလက်နေပြည်သူများ လယ်ယာလုပ်ငန်းဖြစ်သည့် စိုက်ပျိုးရေးလုပ်ငန်းကို မိရိုးဖလာအမွေအဖြစ်လုပ်ကိုင်လျက်ရှိရာ ယခုနှစ်မိုးရာသီမိုးစပါးများကို ဒေသအလိုက်စိုက်ပျိုးနည်းပညာခြင်းမတူညီကြသော်လည်း မြေအမျိုးအစားနှင့်ရေရရှိမှုအပေါ်မူတည်၍ မြောင်းအရင်း၊ မြောင်းဖျားများအလိုက်စိုက်ပျိုးခဲ့ရာ စလင်းမြို့နယ်တစ်မြို့နယ်လုံး မိုးစပါး(၄၇၇၁၅)ဧက စိုက်ပျိုးပြီးစီးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ယခုအခါ စိုက်ပျိုးပြီးစီးခဲ့သည့် မိုးစပါးစိုက်ခင်းအများစုအောင်မြင်ဖြစ်ထွန်းပြီး စပါးအသီးအနှံများရင့်မှည့်လာပြီဖြစ်၍ နိုဝင်ဘာ(၂၂)ရက်နေ့မှစတင်ကာ ရိတ်သိမ်းလျက်ရှိပြီး နေရာဒေသအလိုက် စိုက်ပျိုးရေးနည်းပညာရေရရှိမှု၊ စိုက်ပျိုးသည့်နေ့ရက်နှင့် မျိုးစပါးခြင်းမတူညီကြသည့်အတွက် မြို့နယ်အတွင်းမိုးစပါးရိတ်သိမ်းမှုမှာမတူညီကြ၍ ယခုနိုဝင်ဘာလမှ၊ ဇန်နဝါရီလအထိ ရိတ်သိမ်ကြကြောင်း သိရသည်။
မိုးစပါးစိုက်ပျိုး၊ ရိတ်သိမ်းတောင်သူစိုက်ပျိုးသည့် မိုးစပါး(၅)ဧကမှ ရိတ်သိမ်းပြီး(၂)ဧကမှ ပုံမှန်အားဖြင့်စလင်းမြို့နယ် တမာချောင်ကျေးရွာအုပ်စုရှိ လယ်မြေအများစုသည် တစ်ဧကရိတ်သိမ်းခြွေလှေ့ပြီး (၇၅)တင်းထွက်ရှိကာ၊ စပါးတစ်တင်းလျင်(၃၈,၀၀၀)ကျပ် ပေါက်စျေးရှိကြောင်းဖြင့် မိုးစပါးစိုက်ပျိုးရိတ်သိမ်းတောင်သူ ကိုသန်းနိုင်ထံမှ သိရသည်။
(မောင်လွင်)စလင်း