လွိုင်လင် နိုဝင်ဘာ ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ၂၀၂၄ခုနှစ် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပါသည်။
ဦးစွာ အခမ်းအနားကို ကျောင်းသား/သူများက ဇာတိမာန်သီချင်းသီဆို၍ ဖွင့်လှစ်ပေးပါသည်။ ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၄ ခုနှစ် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာကို လွိုင်လင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကြည်မြင့်က ဖတ်ကြားပါသည်။ ယင်းနောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ထက်ဆင့် /လယ်ဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲများတွင်ဆုရရှိကြသည့် ကျောင်းသား/သူများကို ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်တာဝန်ရှိသူများမှ ဆုများအသီးသီးချီးမြှင့်ပေးကြသည်။ ဆက်လက်၍ ကျောင်းသား/သူများမှ မြန်မာ့ကျောင်းသီချင်းသီဆိုကာ အခမ်းအနားကို အောင်မြင်စွာပြီးမြောက်ခဲ့သည်။
အခမ်းအနားသို့ ခရိုင်/မြို့နယ်အဆင့် အကြီးအကဲများ၊ ပညာရေးမှူးများ၊ ကျောင်းအုပ်ဆရာ/ဆရာမကြီးများ ၊ ကျောင်းသား/သူများတက်ရောက်ကြသည်။
လွိုင်လင်မိုး