ပုလောမြို့နယ်၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါကာကွယ်ရေး အသိပညာပေးဟောပြော၍ကျောင်းသား/သူများအား သားအိမ်ခေါင်း ရောဂါကာကွယ်ဆေးနှင့် ဆုံဆို့မေးခိုင် ကာကွယ်ဆေးထိုးနှံပေး

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ ပြည်သူ့ကျန်းမာရေးဌာနမှ ကျောင်းသား၊ ကျောင်းသူများကို ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်၍ ပုလောမြို့၊ အမှတ်(၆) အခြေခံပညာကျောင်း၌  ယနေ့နံနက်ပိုင်းက အသိပညာပေးဟောပြောခဲ့၍ သားအိမ်ခေါင်းရောဂါကာကွယ်ဆေးနှင့် ဆုံဆို့ မေးခိုင်ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

လမ်းမတော်မြို့နယ်တွင် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း မြတ်ပညာခန်းမ၌ ယမန်နေ့နံနက် ၈ နာရီအချိန်က (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

ဝမ်းတွင်းမြို့နယ်၌ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကျင်းပ

(၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း (ဝမ်းတွင်း) ပတ္တမြားခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်

ယနေ့တွင် ကျရောက်သည့် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပရာ ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်း သီဆို၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့သည်။

ကျိုက်မရောမြို့နယ်၌ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ (၁၀၄)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာဖတ်ကြားပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အ.ထ.က ကျိုက်မရော (ပညာ့အားမာန်)ခန်းမ၌ ပြုလုပ်သည်။

မိုင်းဖြတ်မြို့နယ်၌ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အ.ထ.က(မိုင်းဖြတ်)ရှိ ရွှေလီဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

(၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ

(၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အ.ထ.က အုတ်ဖို ဧရာခန်းမတွင် ယမန်နေ့နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ဇလွန်မြို့၌ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၌ ၂၀၂၄ ခုနှစ် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီတွင် အ.ထ.က(၁) ဇလွန်သမိုင်းဝင်အမျိုးသားကျောင်းဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ပေါက်ခေါင်းမြို့နယ်၊ အ.ထ.က(ပေါက်ခေါင်း) ကျောင်း၌ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က အ.ထ.က(ပေါက်ခေါင်း)ကျောင်း၊ ရွှေရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။

အင်းစိန်မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီက အင်းစိန်မြို့နယ်၊ နံ့သာကုန်းရပ်ကွက်၊ မင်းကြီးလမ်း၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ဧရာဝတီခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to