လမ်းမတော် နိုဝင်ဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း မြတ်ပညာခန်းမ၌ ယမန်နေ့နံနက် ၈ နာရီအချိန်က (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားကို အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသူ/ကျောင်းသားလေးများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး လမ်းမတော်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကောင်းမြတ်ကျော်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးသတိုးမဟာသရေစည်သူသတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သည့် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။ ဆက်လက်၍ အခြေခံပညာဦးစီးဌာနမှ စီစဉ်ကျင်းပသည့် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို မြို့နယ်အဆင့်၊ စာစီစာကုံးပြိုင်ပွဲနှင့်ကဗျာပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသူ/ ကျောင်းသားများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်ကျော်နှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့သည်။ ဆက်လက်ပြီး အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား/ကျောင်းသူလေးများက မြန်မာကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကို အောင်မြင်စွာ ပိတ်သိမ်းခဲ့သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခမ်းအနားတက်ရောက်လာသူများနှင့် ကျောင်းသား/ကျောင်းသူများအား (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိသည်။
ကျော်ဆန်းမြင့်