ပေါက်ခေါင်းမြို့နယ်၊ အ.ထ.က(ပေါက်ခေါင်း) ကျောင်း၌ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကျင်းပ

ပေါက်ခေါင်း နိုဝင်ဘာ ၂၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က အ.ထ.က(ပေါက်ခေါင်း)ကျောင်း၊ ရွှေရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။

အဆိုပါ အခန်းအနားတွင် ရှေးဦးစွာ‌ အ.ထ.က(အိုးဘိုကုန်း)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ‌လေးများက ဇာတိမာန်သီချင်းသီဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး ပေါက်ခေါင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်သူဦးက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲဆုရ ကျောင်းသား၊ ကျောင်းသူများအား အသီးသီးဆုများကို ချီးမြှင့်ခဲ့ကြပြီး အ.ထ.က(ပေါက်ခေါင်း)မှ ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြောင်း သိရသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သတင်းစကားလက်ကမ်းစာစောင်များကို ဌာနဆိုင်ရာများ၊ ‌ဆရာ၊ ဆရာမများနှင့် ကျောင်းသားလူငယ်ပြည်သူများအား ဖတ်ရှုနိုင်ရန်အတွက် အခမဲ့ဖြန့်ဝေ‌ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)