ဇလွန် နိုဝင်ဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၌ ၂၀၂၄ ခုနှစ် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီတွင် အ.ထ.က(၁) ဇလွန်သမိုင်းဝင်အမျိုးသားကျောင်းဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို အ.ထ.က(၁)ဇလွန်ကျောင်းသား/ ကျောင်းသူလေးများက “ဇာတိမာန်” သီချင်းသီဆို၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့သည်။ ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သော (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းကဖတ်ကြားခဲ့ပြီး (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲတွင် ဆုရကျောင်းသား/ သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့်တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။ ယင်းနောက် အ.ထ.က(၂)ဇလွန်မှ ကျောင်းသား/ သူလေးများက “မြန်မာ့ကျောင်း” သီချင်းသီဆို၍အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့သည်။
ဝေယံ-ဇလွန်(ပြန်/ဆက်)