မိတ္ထီလာမြို့နယ်တွင် အီးအေ-(၁)ဆေးအဆင့်နိမ့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနားကျင်းပ

မိတ္ထီလာ  နိုဝင်ဘာ ၂၆

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် အီးအေ-(၁)ဆေးအဆင့်နိမ့်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ၂၀၂၄-၂၀၂၅ ခုနှစ်အတွက် ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်က အဆိုပါရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ ဗိုလ်မှူးသန်းနိုင်(ငြိမ်း)က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒုတိယဥက္ကဋ္ဌ ဗိုလ်ကြီးနန္ဒကျော်သူ(ငြိမ်း)က မိတ္ထီလာမြို့နယ်အတွင်းရှိ အီးအေ-(၁) ဆေးအဆင့်နိမ့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ထောက်ပံ့ငွေများပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ၂၀၂၄-၂၀၂၅ ခုနှစ်အတွက် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့မှ   အီးအေ-(၁)ဆေးအဆင့်နိမ့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင် (နှစ်မျိုးစွန့်) တစ်ဦးလျှင် ၂၀၀၀၀ကျပ်နှုန်း၊ အဖွဲ့ဝင် ၁၀ ဦးနှင့်  တစ်မျိုးစွန့်တစ်ဦးလျှင် ၁၅၀၀၀ကျပ်နှုန်းဖြင့် အဖွဲ့ဝင် ၈၁ ဦး စုစုပေါင်း ငွေကျပ် ၁၄၁၅၀၀၀ တို့အား မြို့နယ်စစ်မှုထမ်း ဟောင်းအဖွဲ့ဥက္ကဋ္ဌ ဗိုလ်မှူးသန်းနိုင်(ငြိမ်း)၊ ဒုတိယဥက္ကဌ ဗိုလ်ကြီး နန္ဒကျော်သူ(ငြိမ်း)နှင့် တာဝန်ရှိတို့က  အသီးသီးပေးအပ်ခဲ့သည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)