မိတ္ထီလာမြို့နယ်၌ ဆည်ရေ၊ ကန်ရေဖြင့် နွေစပါးနှင့် အခြားသီးနှံ စိုက်ဧက ၈၂၀ ဧက စိုက်ပျိုးသွားမည်  

မိတ္ထီလာ ဒီဇင်ဘာ ၂၃

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ် ဆည်ရေကန်ရေဖြင့် နွေစပါးနှင့် အခြားသီးနှံ စိုက်ဧက ၈၂၀ ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မိတ္ထိလာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတွင် ဆည်ရေ၊ ကန်ရေဖြင့် နွေစပါးနှင့်အခြားသီးနှံများ စိုက်ပျိုးနိုင်ရေး လျာထားပြီး စိုက်ပျိုးလျက်ရှိသည်။ ထိုသို့ လျာထားသတ်မှတ်ပြီး စိုက်ပျိုးလျက်ရှိရာ  ၂၀၂၄-၂၀၂၅ ခုနှစ်တွင် မိတ္ထီလာမြို့နယ်အတွင်းရှိ မိတ္ထီလာကန်၊ မုန်တိုင်း၊ ချောက်ကောက်ဆည်ရေများဖြင့် နွေစပါးနှင့် အခြားသီးနှံစိုက်ပျိုး ဧက ၈၂၀ ဧက စိုက်ပျိုးသွားရန် လျာထားသတ်မှတ်ခဲ့ပြီး ၎င်းလျာထားသတ်မှတ်ထားသည့် စိုက်ဧကများ သတ်မှတ်လျာထားချက်ပြည့်မီရေးနှင့် ပန်တိုင်းအထွက်နှုန်း ထွက်ရှိသည့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသခံစိုက်ပျိုးရေးတောင်သူများနှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိသည်။

ယင်းသို့ ဆောင်ရွက်လျက်ရှိရာ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် မိတ္ထီလာကန်ရေဖြင့် ထမုန်ကန်ကျေးရွာအုပ်စုတွင် နွေစပါးစိုက်ဧက ၂၄၅ဧက၊ ညောင်ကိုင်းကျေးရွာအုပ်စုတွင် နွေစပါးစိုက်ဧက ၅၀၊ မကျီးစုကျေးရွာအုပ်စုတွင် နွေစပါးစိုက်ဧက ၇၅ ဧက၊ တောမကျေးရွာအုပ်စုတွင် နွေနှမ်းသီးနှံစိုက်ဧက ၁၅၀ ဧက၊ ဇောင်ချမ်းကုန်းကျေးရွာအုပ်စုတွင် နွေနှမ်းသီးနှံစိုက်ဧက ၁၀၀၊ မုန်တိုင်ဆည်ရေဖြင့် မုန်တိုင်ကျေးရွာအုပ်စုတွင် နွေစပါးစိုက်ဧက ၅၅ ဧက၊ သီးကုန်းကျေးရွာအုပ်စုတွင် နွေစပါးစိုက်ဧက ၉၅ ဧကနှင့် ချောင်းကောက်ဆည်ရေဖြင့် နွေစပါးစိုက်ဧက ၅၀ တို့ကို စိုက်ပျိုးသွားရန် သတ်မှတ်လျာထားကြောင်း သိရသည်။                                                                   

သိန်းမြင့်ကျော်(မိတ္ထီလာ)