တွံတေးမြို့နယ် မြို့မစျေးအတွင်းရှိ သားငါးတန်းစျေးရုံ အဆင့်မြှင့်တင်တည်ဆောက်ခြင်းပြီးစီး

တွံတေး ဒီဇင်ဘာ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးအတွင်းရှိ သားငါးတန်းစျေးရုံကို အဆင့်မြှင့်တည်ဆောက်ခဲ့ရာ ယခုအခါ ပြီးစီးသွားပြီးဖြစ်သဖြင့် စျေးရောင်းချသူများ၊ စျေးဝယ်သူများ စိတ်အေးချမ်းသာစွာ ဝယ်ယူနိုင်ပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါစည်ပင်သာယာမြို့မစျေးတွင် ဆိုင်ခန်းပေါင်း (၉၀၇) ခန်းရှိပြီး စျေးဝယ်သူများ စိတ်အေးချမ်းသာစွာနှင့် သန့်ရှင်းသောစျေးတွင် ဝယ်ယူစားသုံးနိုင်စေရန်အတွက် ၂၀၂၄ ခုနှစ် ဘဏ္ဍာရေးနှစ် စည်ပင်သာယာအဖွဲ့ပိုင်အတွင်းရှိ သားငါးတန်းစျေးရုံ အဆင့်မြှင့်တင်တည်ဆောက်ခြင်းကို ဆောင်ရွက်ခဲ့ရာ ယခုအခါပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။ ယခုစျေးရုံအသစ်ကြီးတွင် စျေးရောင်းသူ/ စျေးဝယ်သူများ သန့်ရှင်းသပ်ရပ်လှပ၍ လေဝင်လေထွတ်ကောင်းသဖြင့် စိတ်အေးချမ်းသားစွာ ရောင်းဝယ်ဖောက်ကားလျက်ရှိကြောင်း သိရသည်။

အဆိုပါ သားငါးတန်းစျေးရုံအဆင့်မြှင့်တည်ဆောက်ခြင်းကို အလျား (၁၈၄) ပေ၊ အနံ (၃၄) ပေ၊ အမြင့်ပေ (၂၀) ကို ငွေကျပ် (၃၄၂.၇၂) သန်းဖြင့် ဆိုင်ခန်းပေါင်း (၈၄) ခန်းကို ဆောက်လုပ်ပေးခဲ့ကြောင်း သိရသည်။

တွံတေးသား