ရေတာရှည် ဒီဇင်ဘာ ၂၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ယနေ့နံနက် (၈) နာရီအချိန်မှစတင်၍ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ရေတာရှည်မြို့နယ်အတွင်း၌ ပင်စင်လစာထုတ်ယူသူ အငြိမ်းစားဝန်ထမ်း (၂၈၀၀) ဦးခန့်ရှိရာ ယနေ့တွင် နိုင်ငံ့ဝန်ထမ်းပင်စင်စား(၆၀၀) ဦးခန့်အား ဘဏ်လုပ်ငန်းရုံးချိန်အတွင်း ထုတ်ပေးလျက်ရှိပြီး ကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ခြင်းမရှိသူများအနေဖြင့် မိသားစုဝင်တစ်ဦးမှ ကိုယ်စားလွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ကြောင်းနှင့် ပင်စင်စားများအား တစ်ပတ်တိတိ ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာထံမှ သိရသည်။
အဆိုပါ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးဌာနမှ "လူတိုင်းသက်ရှည်ကျန်းမာဖို့၊ ပြည်သူ့ကျန်းမာရေးမြှင့်တင်စို့" ဆောင်ပုဒ်နှင့်အညီ ပြည်သူ့ကျန်းမာရေးလုပ်ငန်းများအား အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာနန္ဒာညီဆွေဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက သွေးချို၊ ဆီးချိုစစ်ဆေးခြင်း၊ ကိုယ်အလေးချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်းတို့ကို ဆောင်ရွက်၍ ကျန်းမာရေးစစ်ဆေးပေးပြီး လိုအပ်သောဆေးဝါးနှင့် ကုသပေးခြင်းများကို အခမဲ့စောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)